Chapter (46) - သင့်တော်တဲ့တစ်ခဏမှာအရှုံးအနိုင်ဖြေရှင်းခြင်း

8.8K 1.5K 29
                                    

Unicode

အခန်း (၄၆) - သင့်တော်တဲ့တစ်ခဏမှာအရှုံးအနိုင်ဖြေရှင်းခြင်း

သို့သော်အခုတော့ယန်ထျန်းဟန်စိတ်ပူမိသည်ကတကယ်လို့လင်ရွှမ်းဇီကဟန်ယူရန်အပေါ်မှာခံစားချက်ကျန်သေးတယ်ဆိုရင်..... ဒါဆိုရင်သူတို့အပြစ်ကြီးကျူးလွန်မိပြီမဟုတ်ပါလား...?

ပြီးတော့......ကြည့်ရတာ ၊ သူလင်ရွှမ်းဇီရဲ့ဂုဏ်သတင်းကိုလည်းဖျက်ဆီးခဲ့မိပုံရသည်။

"အကိုကြီး....အကုန်လုံးကျွန်တော့အမှားတွေပါ။ "

"အဲ့ဒါအကုန်မင်းအမှားတွေကြီးပဲ" လင်ရွှမ်းဇီသည်ခေါင်းငြိမ့်ကာ ပေါ့ပေ့ါပါးပါးပင်ပြန်ပြောလိုက်သည်

" မင်းငါ့ကိုအိပ်ဆေးတိုက်ခဲ့တယ် အဲ့ဒါမင်းရဲ့ပထမအမှား ၊ ငါ့ကိုမတိုင်ပင်ပဲ စေ့စပ်စာချုပ်ကိုဒီကိုခိုးယူလာပြီးကိုယ့်သဘောနဲ့ကိုယ်ဖျက်လိုက်တာက ဒုတိယအမှား၊ ဟန်ယူရန်ကိုလူသိရှင်ကြားရှုပ်ချပြီး စေ့စပ်ညှိနှိုင်းမှုကိုဖျက်သိမ်းတဲ့အခါမှာမင်းရဲ့ အကြောင်းပြချက်ကမလုံလောက်ဘူး အဲ့ဒါကတတိယအမှား "

ယန်ထျန်းဟန်သည်မျက်လုံးကိုအမြန်ပင်ပြန်ဖွင့်လိုက်ကာရှင်းပြလိုက်သည်

"အဲ့ဒီအိပ်ဆေးကကျွန်တော်အရင်ကစမ်းဘူးတယ် အဲ့ဒါကလူတစ်ယောက်ကို ခြောက်နာရီလောက်ပဲနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတာတစ်ခြားဘေးထွက်ဆိုးကြိုးဘာမှမရှိဘူး"

"အဲ့ဒီတော့မင်းကငါ့ကိုအဲ့ဒီဆေးကိုတိုက်တာအဆင်ပြေတယ်ပေါ့?" လင်ရွှမ်းဇီသည်မျက်ခုံးကိုပင့်လိုက်သည်။

ယန်ထျန်းဟန်၏မျက်နှာလေးမှာညှိုးနွမ်းသွားပြီး ခေါင်းကိုငုံ့လိုက်ကာ ဘာစကားမှမပြောရဲတော့ပေ။

သူလုပ်ခဲ့သောအရာများအား လင်ရွှမ်းဇီက သေချာပေါက်အခွင့်အရေးကိုချိုးဖောက်တယ်လို့ခံစားနေရမှာဖြစ်သည်။ ထို့အပြင်ထိုလုပ်ရပ်ကြောင့်လူရွှမ်းဇီကသူ့အားဖွင့်ပေးခဲ့သောစိတ်နှလုံးသားသည် နောက်တစ်ခါပိတ်ပစ်လိုက်နိုင်သည်။

ထိုအချိန်ခဏလေးတွင် သူ့လုပ်ရပ်အား အကြီးအကျယ်နောင်တရနေမိတော့သည်။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now