Chapter (5) - ဘယ်သူကတိုက်ခိုက်တာလဲ?

13.3K 2.1K 5
                                    

(Unicode)
အခန်း(၅)

ဘယ်သူကတိုက်ခိုက်တာလဲ?

" နာသွားသေးလား" လင်ရွှမ်းဇီမေးလိုက်သည်။

ယန်ထျန်းဟန်သည် ခေါင်းခါပြလိုက်သည် အကြိမ်အနည်းငယ်ခါပြီးမှ သူနားလည်လိုက်သည် လင်ရွှမ်းဇီသည်သူ့အားမမြင်ရပေ။ သူပြောရန်ပြန်လိုက်ချိန်တွင် လင်ရွှမ်းဇီသည်ထပ်ပြောလာသည်

"မင်းဘာမှမထိခိုက်ဘူးဆိုတော့ဒီနေ့ကိစ္စကိုငါဆက်ပြီးအရေးမယူတော့ဘူး ဒါပေမဲ့ နောက်တစ်ခါဆိုရင်တော့ဒီလိုလွယ်လွယ်နဲ့ပြီးသွားမှာမဟုတ်ဘူး"

လင်ရွှမ်းဇီ၏စကားကြောင့် ယန်ထျန်းဟန် သည် ပါးစပ်အဟောင်းသားဖြစ်သွားရသည်။

သူ့ ... သူ့အကိုကြီးက သူ့ကိုအမြဲတမ်း အေးစက်တဲ့မျက်ဝန်းတွေနဲ့ပဲကြည့်ခဲ့တာမဟုတ်ဘူးလား? အဲ့ဒီ သတိပေးချက်က သူ့အတွက်တော့မဟုတ်လောက်ဘူးမှတ်လား?

"ဝင်ပေါက်မှာဘယ်သူတွေတိုက်ခိုက်နေတာလဲ"

လေးနက်သောအသံတစ်ခုသည် တံခါးကိုဖြတ်၍ ထွက်ပေါ်လာကာထိုအသံသည် အခွင့်အာဏာနှင့် ပြည့်ဝနေပြီး လူတိုင်းအားတုန်လှုပ်သွားစေသည်။

ယန်ထျန်းဟန်သည်ချက်ချင်းတောင့်မတ်သွားရသည်။ ထိုအသံနှင့်သူသည်ရင်းနှီးကျွမ်းဝင်သည်။ ၎င်းသည်လင်မိသားစု ဥပဒေ ခန်းမဆောင်၏ ဘက်မလိုက်သောတပည့်တဦးဖြစ်ပြီး သူ့နာမည်သည် လင်ကျန်ထျန်းဖြစ်သည်။ သူသည် သူ၏ ဘက်မလိုက်မှုဖြင့် လင်မိသားစုတွင်ကျော်ကြားသောသူတစ်ဦးဖြစ်ပြီး အထူးသဖြင့်ရက်စက်သည်၊ စည်းကမ်းကြီးသည့်သူတစ်ဦးလည်းဖြစ်သည်။

"ကျွန်တော်"

ယန်ထျန်းဟန်သည် လှည်းပေါ်မှ တစ်ခါဆင်းရပြန်သည်။ သူသည်ရင်တုန်စွာဖြင့် တံတွေးကိုမြိုချလိုက်ပြီး တံခါးမှာရပ်နေသောအရပ်ရှည်ရှည်နှင့်ထိုသူအားကြည့်၍ပြောလိုက်သည်။

"ကျွန်တော်နဲ့တိုက်ခိုက်တာ"

လင်ကျန်ထျန်း၏ အနက်ရောင်မျက်လုံးများသည် တူဖြင့်ထုကာအသတ်ခံလိုက်ရသော တံခါးစောင့်အားလှမ်းကြည့်လိုက်သည် ထို့နောက်သူ၏ြ်မင်ကွင်းသည် ခေါင်းကိုရိုက်သွားသောတူ၏လမ်းကြောင်းပေါ်တွင်ကျရောက်သွားသည်။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now