Chapter(137) - မျက်မမြင်နားမကြား

6K 1.2K 31
                                    

Unicode

အခန်း(၁၃၇) - မျက်မမြင်နားမကြား

လင်ယောင်းဇီ ၏အပြင်ဘက်ခြံဝင်းတွင်..

ဖုန်ကျားနျန်တံခါးမှတစ်ဆင့်ဝင်လိုက်သောအခါသူတွေ့လိုက်သည့်အရာအားလုံးကပန်းရောင်ဝတ်စုံလေးဖြင့်လင်ရဲ့အာဖြစ်သည်။

ဖုန်ကျားနျန်ကပြုံးလိုက်ပြီးနွေးထွေးစွာဖြင့်မေးလိုက်သည်။

"ရဲ့အာ..ကိုယ်တို့တစ်ယောက်နဲ့တစ်ယောက်မတွေ့တာတောင်တော်တော်ကြာနေပြီနော်..အဆင်ပြေရဲ့လား?"

လင်ရဲ့အာကတော့အတင်းအကြပ်ပြန်ပြုံးလိုက်ရပြီးပြန်ဖြေလိုက်သည်။ "အဆင်ပြေပါတယ်"

ဖုန်ကျားနျန်မှာမျက်မှောင်ကျုံ့သွားရလေ၏။ "ကြည့်ရတာတော့မဟုတ်သလိုပဲနော်"

လင်ရဲ့အာကဖန်ကျန်းဉာန်ကိုစိတ်ပျက်အားငယ်နေသည့်မျက်လုံးများဖြင့်ကြည့်ပြီးပြောလိုက်သည်။

"အစကတော့ကောင်းပါတယ်ဒါပေမဲ့အကိုကြီးပြန်လာပြီးတဲ့နောက်မှာလင်ရွှမ်းဇီကသူ့ကိုအမြဲတမ်းအနိုင်ကျင့်နေတယ်"

ဖုန်ကျားနျန်၏အမူအယာကတစ်နည်းနည်းနဲ့ပုံမှန်မဟုတ်ဘူးဖြစ်သွားရသည်။

"ကိုယ်လည်းအဲ့ဒါနဲ့ပတ်သတ်တဲ့ကောလဟာလတွေကြားပါတယ်"

"အဲ့ဒါကြောင့်ညီမတို့ကအကိုကြီးဖုန်လာပြီးထောက်ပံ့ပေးဖို့စောင့်နေကြတာ"

လင်ရဲ့အာ၏မျက်လုံးများကကိုးကွယ်မှုများမျှော်လင့်ချက်များဖြင့်တောက်ပနေခဲ့သည်။

"အကိုကြီးဖုန်..ဒီနေ့အကိုလင်မိသားစုဆီကိုရောက်လာတဲ့အချိန်တုန်းကအိမ်တော်မှာရှိတဲ့မိသားစုဝင်အကုန်လုံးအကိုကြီးကိုနှုတ်ဆက်ဖို့ရောက်လာကြတယ်လို့ကြားတယ်ပြီးတော့အဲ့ဒီမြင်ကွင်းကအရမ်းကိုအထင်ကြီးစရာကောင်းတယ်တဲ့"

ဖုန်ကျားနျန်ကခေါင်းညိမ့်ပြလိုက်သော်လည်းလင်ရွှမ်းဇီအရင်ဆုံးပြောခဲ့ခြင်းဖြစ်သည့်—သူကအလွန်ယဉ်ကျေးသည့်သူဖြစ်ကြောင်းကိုပြန်တွေးလိုက်မိသည်။ဖုန်ကျားနျန်ကအပြစ်ရှိသလိုခံစားလိုက်ရ၏— နောက်ဆုံးတော့လည်းသူရောက်လာတုန်းကတပည့်တော်တော်များများဒဏ်ရာရခဲ့တယ်လေ..

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now