Chapter(111) - ခြိမ်းခြောက်ပြီးငွေညှစ်ခြင်း

6.6K 1.2K 76
                                    

Unicode

အခန်း(၁၁၁) - ခြိမ်းခြောက်ပြီးငွေညှစ်ခြင်း

ပဉ္စမအကြီးအကဲ၏မျက်နှာမှာချက်ချင်းပင်နီရဲသွားပြီးသူ့ကိုအထင်အမြင်သေး၍စော်ကားလိုက်သလိုခံစားလိုက်ရသောကြောင့်မနေနိုင်တော့ပဲအော်ပြောလိုက်မိတော့သည်။

"မင်း! ကောင်စုတ်လေး!!ဘယ်သူကမင်းရဲ့မဖြစ်စလောက်လေးကိုလိုခြင်နေလို့လဲ?လောင်ဇီကနေလာခဲ့တာနှစ်ပေါင်းများစွာရှိနေပြီငါမမြင်ဘူးတာရှိမလား?ဘာလို့ငါမင်းဟာကိုလိုခြင်နေရမှာလဲ?မင်းငါတို့တွေကိုအထင်အမြင်သေးလွန်းနေပြီလို့မထင်ဘူးလား?အဲ့ဒီကျင့်ကြံရေးနည်းလမ်းတွေကသူတို့ကိုပိုင်ဆိုင်တဲ့သူနဲ့ပဲသက်ဆိုင်တာတကယ်လို့အဲ့ဒါကိုထုတ်ဖော်ပြလိုက်ပြီးတစ်စုံတစ်ယောက်ကသာတစ်ခြားသူတွေရဲ့ကျင့်ကြံရေးနည်းလမ်းတွေကိုသိမ်းယူဖို့ကြံစည်မယ်ဆိုရင်ဒါကတကယ်ကိုကြီးမားတဲ့ကိစ္စကြီးပဲ"

အကယ်၍ယခုကိစ္စကိုသာသေချာမဖြေရှင်းနိုင်ပါကသူတို့နှစ်ယောက်သည်အချင်းချင်းတစ်ယောက်နဲ့တစ်ယောက်နက်ရှိုင်းစွာမုန်းတီးခြင့်နှင့်ပဲအဆုံးသတ်သွားနိုင်သည်။

မိသားစု၏ခေါင်းဆောင်တစ်ယောက်အနေဖြင့်ပဉ္စမအကြီးအကဲကထိုသို့သောကိစ္စများမှာရှောင်ထွက်သွားတတ်သည်။

ဒါပေမဲ့.......သေလိုက်ပါတော့! ငါကလက်မှုပညာရှင်လည်းမဟုတ်သလိုအဂ္ဂီရတ်ပညာရှင်လည်းမဟုတ်ဘူးအဲ့ဒါကိုဘာကြောင့်သူ့ကျင့်ကြံရေးနည်းလမ်းတွေကိုလိုခြင်ရမှာလဲ?!

လက်ရှိအခြေအနေကိုသူမြင်ရသလောက်လင်ရွှမ်းဇီကအလောင်းကိုဖွက်ထားသည့်သူမဟုတ်ပေ။အကယ်၍သူတို့နှလုံးသားထဲမှာသံသယဝင်နေရင်တောင်မှခိုင်လုံတဲ့သက်သေအထောက်အထားမရှိပဲဘယ်သူမှနောက်ဆုံးအခြေအနေထိရောက်မည်မဟုတ်......

သို့သော်လည်းတတိယအကြီးအကဲကမီးကိုလေထပ်မှုတ်ရန်ကြိုးစားလိုက်သေး၏။

"မင်းအဲ့ဒီလိုပြောလို့မရဘူးလေမင်းရဲ့ကျင့်ကြံဆင့်ကအချိန်အနည်းငယ်အတွင်းခုန်တက်သလိုကိုတိုးတက်လာခဲ့တာအဲ့ဒီတော့မိသားစုထဲမှာမင်းကနတ်ဆိုးအတတ်ကျင့်ကြံတယ်လို့သံသယဝင်တဲ့သူတွေရှိလာတာပေါ့တကယ်လို့မင်းသာမင်းရဲ့လက်စွဲစာအုပ်ကိုထုတ်လာမယ်ဆိုရင်သူတို့ရဲ့ပါးစပ်ပေါက်တွေကိုပိတ်နိုင်သွားလိမ့်မယ်ပြီးတော့မင်းရဲ့ပါရမီတွေကိုပိုပြီးယုံကြည်စိတ်ချလာအောင်လုပ်နိုင်လိမ့်မယ်"

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now