Chapter (45) - နှစ်ခုလုံးလိုချင်တယ်

8.9K 1.5K 8
                                    

Unicode

အခန်း (၄၅) - နှစ်ခုလုံးလိုချင်တယ်

မွေးနေ့ရှင်ကောင်လေးဟန်ယူရန်မှာ မွေးနေ့ပွဲကျင်းပနေစဉ် တစ်ဝက်လောက်တွင် ဟန်မိသားစုခေါင်းဆောင်၏အဝေးသို့ခေါ်သွားခြင်းအားခံလိုက်ရသည်။

တံခါးအားပိတ်ပြီးနောက် သူ့တို့၏စကားပြောဆိုခြင်းအားဘယ်သူမှနားမထောင်နေသည်ကိုသေချာအောင်လုပ်ပြီးသွားသောအခါ ဟန်ဝူယွင်သည် စိုးရိမ်တကြီးဖြင့်ပြောလိုက်သည်

" ယူရန် မင်းဘယ်တုန်းက ယွမ်သခင်လေးနဲ့ ချိန်းတွေ့ခဲ့ကြတာလဲ ? ဘာလို့ငါမင်းပြောတာတစ်ခါမှမကြားဘူးတာလဲ?"

ဟန်ယူရန်၏အသားအရောင်သည်သိပ်မကောင်းဖြစ်နေပြီး တိုးတိုးသာပြန်ပြောလိုက်သည်

" အဲ့ဒါမတော်တဆပါ ပထမကျွန်တော်က လင်ရွှမ်းဇီနဲ့စေ့စပ်ထားတာကိုအရင်ဖျက်မလို့ပြီးမှ ခဏလောက်စောင့်ပြီး ယွမ်တီယန်ဝမ်နဲ့ကိစ္စကိုကြေညာချင်တာ။ ဒါပေမဲ့လင်ရွှမ်းဇီက ကျွန်တော့ကိုဒီလိုဖမ်းလာမယ်လို့မမျှော်လင့်ခဲ့မိဘူး တစ်ယောက်ယောက်ကကျွန်တော်တို့နောက်မှာကြိုးဆွဲပြီး သူ့ကိုအဲ့လိုလုပ်ဖို့လှုံ့ဆော်လိုက်တာဖြစ်မယ် "

"လှုံ့ဆော်ခံရတာမဟုတ်တာလည်းဖြစ်နိုင်တာပဲ၊ လင်ရွှမ်းဇီဦးနှောက်ကတစ်ခုခုဖြစ်နေလားမှမသိတာ၊ သူကဘာမှအသုံးမဝင်တော့တဲ့အချိန်မှာ ဘယ်လိုသင့်လျှော်အောင်ပြုမူနေထိုင်ရမယ်ဆိုတာကိုလုံးဝနားမလည်တဲ့အရူးတစ်ယောက်ဖြစ်သွားပြီ။ "

ဟန်ဝူယွင်သည်အမှန်တကယ်ကိုနားမလည်နိုင်ခြင်းဖြစ်သည်။လင်ရွှမ်းဇီကမှန်တာဘာရှိလို့ ရှေ့ထွက်လာပြီး စေ့စပ်ပွဲကိုဖျက်ပစ်နိုင်ရတာလဲဟုသာတွေးမိသည်။

သို့သော်အခုတော့ ဟန်ဝူယွင်သည်လင်ရွှမ်းဇီအားနည်းနည်းလေးတောင်ဂရုမစိုက်တော့ပေ။ လောလောဆယ်သူအစိုးရိမ်ဆုံးလူသည်သေချာပေါက်ယွမ်ထျန်းဝမ်ဖြစ်သည်။

" ယွမ်ထျန်းဝမ်က မင်းအပေါ်တကယ်စိတ်ရင်းလား? " ဟန်ဝူယွင်ကမေးလိုက်သည်။

ဟန်ယူရန်သည်မျက်မှောင်ကြုံ့လိုက်ကာ

"သူကကျွန်တော့ကို လက်ထပ်ခွင့်တောင်တောင်းပြီးနေပြီ ဘယ်လိုဖြစ်လို့ စိတ်ရင်းမဟုတ်ရမှာလဲ"

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now