Chapter(125) - သွေးမြင်ခြင်း...သတိပေးချက်များ

5.9K 1.1K 8
                                    

Unicode

အခန်း(၁၁၅)
သွေးမြင်ခြင်း...သတိပေးချက်များ

'သမိုင်းမှာအသက်အငယ်ဆုံးအခြေတည်အဆင့်လက်မှုပညာရှင်'ဆိုတာကဘာလဲ?ဘယ်လိုအရာကို'ချင်မြို့တော်မှာထိပ်တန်းပါရမီရှင်လို့ခေါ်ထိုက်တယ်'လို့ဆိုလိုတာလဲ?

မမျှော်လင့်ပဲသွမ့်မိသားစုမှအငယ်တန်းမျိုးဆက်ထဲတွင်အထင်ရှားဆုံးသွမ့်ယွီဟောင်ပင်လင်ရွှမ်းဇီ၏ထူးချွန်မှုများကိုဖော်ပြသည့်အချိန်တွင်နှိုင်းယှဉ်ရန်သာအသုံးပြုခြင်းခံရသည်။

ထို့ကြောင့်လည်းမာနကြီးသောသွမ့်ယွီဟောင်ကလင်ရွှမ်းဇီကိုအလွန်ပင်မုန်းတီးလှ၏။

ပြီးတော့အခုလင်ရွှမ်းဇီကတကယ်ကြီးသူ့ညီလေးကိုသင်ကြားပေးရဲတယ်ပေါ့လေ?ပြီးတော့ဒီအရူးကိုလှည့်စားလိုက်သေးတယ်?

သွမ့်ယွီဟောင်ကအေးစက်စွာပင်ပြောလိုက်သည်။

"မင်းကသူပြောတာမှန်သမျှအကုန်ယုံတာပဲလား?"

သွမ့်ယွီဖေးကသူ့ခေါင်းသူကုတ်လိုက်ကာ

"ဒါပေမဲ့ကျွန်တော်ထင်တာတော့သူတို့တွေမှန်သလားလို့"

ထိုကာလအတောအတွင်းမှာသူက ကြောင်ပေါက်နတ်ဆိုးသားရဲလေးအား ကောင်းမွန်စွာကျွေးမွေးခဲ့သည်။ ရလဒ်အနေဖြင့်ကြောင်ပေါက်နတ်ဆိုးသားရဲလေး၏အမွှေးများမှာတောက်ပြောင်လာပြီး လှပလာကာကျင့်ကြံမှုပင်အနည်းငယ် တိုးတက်လာခဲ့သည်။

သွမ့်ယွီဖေးမှာသူ့မျက်စိနှင့်ကိုယ်တိုင်မြင်ရတာဖြစ်သဖြင့်သူ့နှလုံးသားထဲအလွန်ကိုပျော်ရွှင်ခဲ့သည်။နေ့တိုင်းသူနိုးထချိန်တိုင်းမှာလုပ်သည့်ပထမဆုံးအရာကထိုကြောင်ပေါက်နတ်ဆိုးသားရဲလေးကနေရာတိုင်းအားအစုလိုက်အပြုံလိုက်ဖျက်ဆီးနေသည့်မြင်ကွင်းကိုစိတ်ကူးယဉ်ကြည့်ခြင်းပင်ဖြစ်၏။

သတ်ဖြတ်ခြင်သည့်အလင်းရောင်များသွမ့်ယွီဟောင်၏မျက်လုံးထဲတွင်တောက်ပလာခဲ့သည်။

"မင်းကရွှမ်းဇီကိုတစ်ခါတည်းတွေ့ဘူးတာတောင်သူ့စကားကိုလွယ်လွယ်ကူကူယုံနေပြီပေါ့လေ....သွမ့်ယွီဖေး.....မင်းတကယ်ပဲငါ့ကိုအောက်ကျအောင်လုပ်တာပဲ"

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now