Chapter(90) - မျက်နှာခြင်းဆိုင်တွေ့ဆုံခြင်း

8.4K 1.4K 52
                                    

Unicode

အခန်း(၉၀) - မျက်နှာခြင်းဆိုင်တွေ့ဆုံခြင်း

"အခုလည်းနောက်မကျသေးပါဘူး"လင်ရွှမ်းဇီကဆက်ပြောလိုက်သည်။

"ဘယ်ကျင့်ကြံသူမဆိုသူတို့မှာစိတ်ဆုံးဖြတ်ချက်ရှိနေသ၍သူတို့နဲ့သင့်တော်တဲ့လမ်းကိုရှာနိုင်ကြမှာပဲလေ"

ယန်ထျန်းဟန်ကလက်ခံသည့်အနေဖြင့်ခေါင်းသာငြိမ့်ပြလိုက်၏။

လင်ရွှမ်းဇီဘယ်လောက်တောင်ပျော်နေသလဲဆိုတာတွေ့သည့်အခါယန်ထျန်းဟန်မှာမတတ်နိုင်ပဲသူ့နှလုံးသားထဲမှာအထပ်ထပ်အခါခါပြောနေမိသည်မှာကံကောင်းလို့သူငယ်စဉ်ကစာအုပ်များစွာဖတ်ဘူးခဲ့ပြီးသူ့စိတ်ထဲတွင်ပုံဆွဲထားသလိုပင်ထင်ထင်ရှားရှားမှတ်မိနေသောကြောင့်သာ 'အင်ပါယာအလောင်းနည်းပညာ' နှင့်ဆင်တူသည့်စာအုပ်တစ်အုပ်အားသူ့မှတ်ညဏ်ထဲမှာရှိသည့်စာအုပ်များထဲမှထုတ်ဖော်လိုက်နိုင်တာဖြစ်သည်။

အကယ်၍အနာဂတ်မှာသူက 《တစ်စိတ်တစ်ပိုင်းအတတ်ပညာ》ကိုကျင့်ကြံနေခြင်းမဟုတ်ပဲ 《အင်ပါယာအလောင်းနည်းပညာ》 ကိုကျင့်ကြံနေခြင်းကိုသာလင်ရွှမ်းဇီသိသွားပါက.........

ယန်ထျန်းဟန်ကလင်ရွှမ်းဇီအားစူးစိုက်ကြည့်လိုက်ပြီးထိုဖြစ်နိုင်ခြေအားလုံးဝမစဉ်းစားတော့ရန်သာဆုံးဖြတ်လိုက်တော့သည်။

မကြာမီတွင်ပဉ္စမအကြီးအကဲကလင်ရွှမ်းဇီအားလာရန်ဆင့်ခေါ်လိုက်၏။ပဉ္စမမြောက်အကြီးအကဲကယန်ထျန်းဟန်ကိုခေါ်လာရန်ပါအထူးညွှန်ကြားခဲ့သည်။

သွားနေသည့်လမ်းတွင်လင်ရွှမ်းဇီကဆန့်ကျင်ဘက်လမ်းကြောင်းမှလမ်းလျှောက်လာသောလင်ဇီဂျီ၊ပိုင်စုစုနှင့်လင်ယွီရိုတို့အားမျက်နှာခြင်းဆိုင်မိတော့သည်။

သူတို့သုံးဦး၏နောက်တွင်တော့လှောင်ပြောင်နေသောအပြုံးများဖြင့်လင်မိသားစုဝင်များပါလာကြ၏။

ပထမတော့လင်ယွီရိုကပြုံးရွှင်စွာစကားပြောရင်းဖြင့်လှမ်းလာခြင်းဖြစ်သော်လည်းလင်ရွှမ်းဇီအားမြင်လိုက်သည်နှင့်သူမအပြုံးများမှာတောင့်တင်းသွားတော့သည်။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now