Chapter(67) - ကျန်ထျန်းရဲ့ဆုံးဖြတ်ချက်

9K 1.4K 43
                                    

Unicode

အပိုင်း(၆၇) - ကျန်ထျန်းရဲ့ဆုံးဖြတ်ချက်

"အကိုကြီး...ဒီအချိန်ကြီးဘာဖြစ်လို့ဒီကိုရောက်လာတာလဲ? တစ်ခုခုအရေးကြီးတာဖြစ်နေလို့လား? "

ယန်ထျန်းဟန်သည်အလွန်ကိုအံ့အားသင့်သွားသောကြောင့်အလောတကြီးပင်မေးလိုက်သည်။

လင်ရွှမ်းဇီသည်တမင်သက်သက်ပင်စိတ်ပျက်လက်ပျက်အမူအယာလုပ်၍

"ဒါပေါ့အရေးကြီးတာတစ်ခုခုဖြစ်သွားတယ်"

"ဘာဖြစ်လို့လဲ? တစ်ယောက်ယောက်ကအကိုကြီးကိုပြဿနာရှာပြန်ပြီလား? "

ယန်ထျန်းဟန်တွေးမိသည့်တစ်ခုတည်းသောအရေးကြီးသည့်အရာမှာထိုကိစ္စသာရှိသည်။သူ့အတွက်တော့အရေးကြီးသည့်ကိစ္စဆိုလျှင်သေချာပေါက်လင်ရွှမ်းဇီနှင့်ပတ်သတ်နေလိမ့်မည်ဟု။

လင်ရွှမ်းဇီသည်လျို့ဝှက်စွာပင်ပြောလိုက်သည်

"ဘယ်သူမှငါ့ကိုပြဿနာရှာဖို့မကြိုးစားဘူး။ဒါပေမဲ့...ငါအိပ်ဖို့လုပ်လိုက်တဲ့အချိန်မှာငါ့ရဲ့အပူ​ပေးစက်သေးသေးလေးကပျောက်နေတယ်လို့ရုတ်တရက်ကြီးသတိရလိုက်လို့"

ယန်ထျန်းဟန်သည်အလွန်ပင်အံ့အားသင့်သွားသည်။သူသည်ရုတ်တရက်လင်ရွှမ်းဇီပြောချင်သည့်အဓိပ္ပါယ်အားသဘောပေါက်သွားပြီးချက်ချင်းပင်ပြောစရာစကားပျောက်ရှသွားတော့၏။

"အကိုကြီး....အရင်တုန်းကကျွန်တော်အကိုကြီးအိပ်ယာမှာအိပ်တာကအဲ့ဒီဆိုးရွားတဲ့ကျားပေါက်နှစ်ကောင်ကနေ့တိုင်းအကြောင်းပြချက်အမျိုးမျိုးနဲ့ကျွန်တော့အိပ်ယာပေါ်မှာသေးပေါက်ချလို့လေပြီးတော့အရင်ခြံသေးသေးလေးကအိပ်ခန်းအပိုလည်းမရှိတော့ကျွန်တော်ကအကိုကြီးကိုနှောင့်ယှက်ခဲ့ရတာ။အခုတော့ကျွန်တော်တို့ကခြံဝင်းအကြီးကြီးကိုပြောင်းနေပြီပြီးတော့အားပိုင်နဲ့ဟူပိုကလည်းပိုပြီးနာခံမှုရှိလာပြီဆိုတော့ကျွန်တော်ကအကိုကြီးအိပ်ယာမှာအတင်းလိုက်အိပ်တာကတော့မကောင်းဘူးထင်တယ်"

ထို့အပြင်မနက်တိုင်းသူနိုးသည်နှင့်သူ့လက်နှင့်ခြေထောက်များမှာလင်ရွှမ်းဇီအားကပ်တွယ်ပြီးနေသည်ကိုတွေ့ရသည်မှာသူ့ကိုအလွန်အရှက်ရစေမိသည်။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now