Chapter(136) - မင်းအရေပြားကတော်တော်ထူတာပဲ

6.4K 1.1K 48
                                    

Unicode

အခန်း(၁၃၆)
မင်းအရေပြားကတော်တော်ထူတာပဲ

တတိယအကြီးအကဲကလက်သီး ကိုသာကျစ်ကျစ်ပါအောင်ဆုပ် လိုက်မိတော့သည်။

အနှေးနဲ့အမြန်သူလင်မိသားစုရဲ့ ခေါင်းဆောင်ဖြစ်လာပြီးမိသားစု တစ်ခုလုံးကိုတိုက်ကြီးငါးတိုက်ရဲ့ အဓိကမြေမှာနောက်တစ်ခါပြန်ပေါ် လာအောင်လုပ်ပြမယ်!

ဒါပေမဲ့အဲ့ဒီအချိန်ကျရင်တော့လော လောဆယ်သူ့ဘေးမှာရှိနေတဲ့သူကို သေချာပေါက်အရင်ဖြုတ်ချပစ်မယ်

ဖုန်ကျားနျန်ကစောင့်ဆိုင်းရတာ စိတ်မရှည်ဖြစ်လာသောကြောင့် သူကိုယ်တိုင်ထွက်ပြီးရှာရန်အဆင် သင့်ပြင်လိုက်သည့်အချိန်တွင် လင်မိသားစုထဲမှာလင်ရွှမ်းဇီနှင့် ယန်ထျန်းဟန်တို့ပေါ်လာခဲ့သည်။

အတွင်းတွင်...

ဖုန်ကျားနျန်ကလင်ရွှမ်းဇီကိုမြင်မြင် ခြင်းပဲသူ့မျက်ဆန်ကချက်ချင်းပင် ကျယ်သွားကာသူ့မျက်တောင်များက အကြိမ်အနည်းငယ်မျှလှုပ်ရှားသွားရသည်။

သူကလင်ရွှမ်းဇီ၏မျက်နှာကိုခဏမျှ ငေးစိုက်ကြည့်နေမိပြီးလင်ရွှမ်းဇီသူ့ဆီ လမ်းလျှောက်လာသည့်အခါမှသာ သူ့ရဲ့သတိမဲ့နေသည့်အခြေအနေမှ ထွက်လာနိုင်ခဲ့ကာအသက်ကိုပြင်းပြင်း ရှုလိုက်မိတော့လေသည်။

လင်ရွှမ်းဇီကိုကြည့်ခြင်နေသည့် သူ့ရဲ့အတွင်းစိတ်၏တိုက်တွန်းမှုကို ခုခံတွန်းလှန်ရင်းဖြင့်အေးစက်စွာ သာမေးလိုက်တော့သည်။

"မင်းကလင်ရွှမ်းဇီလား?"

လင်ရွှမ်းဇီကသူနဲ့ခြေလှမ်းအနည်းငယ် မျှသာကွာသောနေရာအရောက်တွင် ရပ်လိုက်ပြီးပြောလိုက်သည်။

"ဟုတ်ပါတယ်....အသင်ကဘယ်သူလဲ သိလို့ရမလားခင်ဗျာ?"

ဖုန်ကျားနျန်မှာသီးသွားရတော့သည်။

ဒီကလေးကတကယ်ကြီးရဲတင်း လွန်းတာပဲ!သူတကယ်ပဲငါ ဘယ်သူလဲမသိဘူးတဲ့လား?!

ဖုန်ကျားနျန်ကလင်ရွှမ်းဇီ၏ မျက်နှာကိုလေ့လာလိုက်ပြီး သူ့ဘာသာသူထပ်တွေးလိုက်မိသေးသည်။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now