Chapter(75) - ထူးဆန်းတဲ့သူ

8.3K 1.4K 58
                                    

Unicode

အခန်း(၇၅) - ထူးဆန်းတဲ့သူ

သွမ့်ယွီယန်၏နှတ်ခမ်းထောင့်များကွေးညွတ်သွားတော့သည်

"အခုမှကြောက်နေပြီမှတ်လား?"

ယန်ထျန်းဟန်လည်းမျက်တောင်ခတ်လိုက်ကာနှတ်ခမ်းဆူပြီးမေးလိုက်၏။

"မပြောလို့မရဘူးလား? အကိုကျွန်တော့ကိုအဲ့ဒီစကားပြောဖို့လိုသေးတယ်ဆိုတာယုံတောင်မယုံနိုင်ဘူး"

သွမ့်ယွီယန် :: "......."

သူသိတယ်ဒီလိုမျိုးရန်လိုတတ်တဲ့ယန်ထျန်းဟန်ကခဏတာတည်ရှိမှုပဲဆိုတာကို။

ယန်ထျန်းဟန်သည်သိပ်မဝေးသည့်အကွာအဝေးရှိလင်ရွှမ်းဇီ၏နောက်ကျောအားလှမ်းကြည့်ုလိုက်ကာဝမ်းနည်းကြေကွဲနေသည့်အသံဖြင့်ပြောလိုက်သည်။

"ကျွန်တော်အခုဘာလုပ်ရမလဲ? အကိုကြီးကျွန်တော့ကိုအခုသေလောက်အောင်မုန်းနေမှာပဲ"

သွမ့်ယွီယန်လည်းနှစ်သိမ့်မှုပေးလိုက်သည်။

"ကောင်းတဲ့ဘက်ကပဲကြည့်ပါ...ဘယ်လိုပဲဖြစ်ဖြစ်အရင်ကလည်းအများကြီးမုန်းခဲ့တာပဲကို"

ယန်ထျန်းဟန် : : "........"

သူအခုဒေါသတကြီးနဲ့ကျယ်လောင်စွာပဲအော်ဟစ်လိုက်ခြင်မိတော့တယ်။

သွမ့်ယွီယန်ကသက်ပြင်းချကာဆက်ပြောသည်

"အများကြီးမတွေးနဲ့ငါ့ပါးစပ်ပုတ်ကအမြဲတမ်းပေါက်ကရတွေပဲထွက်နေတာ၊ မင်းအကိုကြီးမင်းကိုအခုစိတ်ဆိုးနေတာကခုနတုန်းကမင်းပြောလိုက်တဲ့စကားတွေကတကယ်ကိုဒေါသထွက်ဖို့ကောင်းတာကိုး၊ အဲ့ဒါကသူမင်းအပေါ်ဘယ်လောက်တောင်တန်ဖိုးထားတယ်သူ့ဘေးမှာမင်းကိုဘယ်လောက်တောင်အကြာကြီးရှိနေစေချင်လဲဆိုတာပြနေတယ်လေ"

ယန်ထျန်းဟန်ကတော့သူ့ရဲ့ဝမ်းနည်းကြေကွဲနေသည့်ကမ္ဘာတွင်နစ်မြှုပ်နေခဲ့ပြီဖြစ်သည်။

သူ့စိတ်ထဲတွင်အတော်ကိုမှားယွင်းနေသည်ဟုခံစားနေရပြီးနှာခေါင်းတစ်ရှုံ့ရှုံ့ဖြင့်မေးလိုက်သည်

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now