Chapter (2) - ပိုင်ဆိုင်သည်။

18.8K 2.2K 13
                                    

(Unicode)
အခန်း(၂)
ပိုင်ဆိုင်သည်။

အုပ်ချုပ်ရေးခန်းမသို့လာသောသူအများစုသည် နိမ့်ကျသော အဆင့်အတန်းမှဖြစ်ကြသည် ထို့ကြောင့်ထိုသူတို့၏ ပါးစပ်မှ ထွက်သမျှစကားလုံးတိုင်းသည်မနှစ်မြို့ဖွယ်ကောင်းလှသည်။

လင်ရွှမ်းဇီသည် သွေးများကြောင့်ဝေဝါးနေသောသူ့မျက်လုံးများကိုကြိုးစားဖွင့်လိုက်သည်။ သူ့မျက်နှာမှာမြေကြီးနှင့်ထိကပ်နေပြီး သူ့တစ်လုံး ပြိုလဲနေသည်။ သူ့ရဲ့တင်ပဆုံရိုးသည် အရင်ကကဲ့ချောမွေ့မနေတော့ပဲ ကျိုးသွားခဲ့ပြီဖြစ်သည်။သို့သော်လည်းလင်ရွှမ်းဇီသည် သူ့ခေါင်းအား ထိုကောင်လေးဘက်မျက်နှာမူရန်ကြိူးစားနေသည်။

"ကျွန်တော့မှာ ပိုက်ဆံရှိပါတယ် ကျွန်တော့မှာပိုက်ဆံရှိပါတယ် ကျွန်တော့ကိုကို ကိုပြန်ရွေးဖို့ ရွှေစတစ်ထောင် ဒီမှာရှိပါတယ်"

ကွင်းကြီးကြပ်သူသည် မျက်မှောင်ကြုတ်လိုက်ပြီး ထိုကောင်လေးလက်ထဲမှ ရွှေစက္ကူအားကြည့်လိုက်သည်။

ယန်ထျန်းဟန်သည် ထိုသူလက်မခံမှာကိုအလွန်အမင်းကြောက်ရွံ့နေမိ၏ ထို့ကြောင့်စိုးရိမ်တကြီးဖြင့် ထပ်မံပြောလိုက်သည်

" သင်ခုနက ရွှေစတစ်ထောင်ပေးရင် ကျွန်တော့ကိုကို ကိုလွှတ်ပေးမယ်လို့ပြောထားတယ်လေ ပြောပြီးသားစကားကိုတော့မပြောင်းလဲပါဘူးနော်"

" ကလေး ဘာတွေဒီလောက်တောင်စိုးရိမ်နေတာလဲ? ငါလက်မခံဘူးပြောမိလို့လား? သွား သွား သွားဘေးမှာသွားရပ်နေ ဒီမှာရပ်ပြီး ငါ့ကိုနှောက်ယှက်မနေနဲ့"

ကြီးကြပ်သူသည် စိတ်မရှည်စွာဖြင့် သူ့အားပိုက်ဆံ လာပေးနေသောယန်ထျန်းဟန်အားအဝေးကိုမောင်းထုတ်လိုက်သည်။ ထို့နောက် ရွှေစက္ကူအားသေချာစွာစစ်ဆေးလိုက်ကာသူ့နုတ်ခမ်းထောင့်စွန်းနှစ်ခုသည်ကွေးညွတ်သွာပြီးချက်ချင်းပင် ရွှေစက္ကူအားလိပ်ကာ သူ့အိတ်ထဲသို့သိမ်းဆည်းလိုက်လေ၏။

ဒီကလေးကတကယ်ပိုက်ဆံရှာလာနိုင်တာပဲဒါပေမဲ့အဲ့ဒါက လင်ရွှမ်းဇီရဲ့နောက်ဆုံးလက်ကျန်ပိုက်ဆံလည်းဖြစ်နိုင်တာပဲလေ

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now