Chapter(99) - အပြစ်သားများအားအပြစ်ပေးခြင်း

6.9K 1.2K 114
                                    

Unicode
အခန်း(၉၉)
အပြစ်သားများအားအပြစ်ပေးခြင်း

လင်ယောင်းဇီသည်မတ်တပ်ရပ်လိုသော်လည်းသူ၏ဒန်တန်ချီပင်လယ်အတွင်းရှိ ချီသည်ကြီးမားသောသက်ရောက်မှုများရရှိလိုက်သကဲ့သို့ပြင်းထန်စွာခံစားနေရသည်ကိုသဘောပေါက်လိုက်သည်။ သူ၏နှလုံးသားတစ်ခုလုံးတုန်လှုပ်သွားပြီးသူသည်ခြေလှမ်းတစ်ဝက်လောက်ကိုပင်ကြုံရာရွေ့ရန်မဝံ့ရဲဖြစ်သွား၏။

"ရွှမ်းဇီ!!" လင်ကျန်ရှန်၏မျက်လုံးများမြင့်တက်သွားတော့သည်။

"လင်ရွှမ်းဇီပဲ!"

"သူ့လက်ထဲကိုင်ထားတာဘာလဲဟ?"

"အကိုကြီး!!!" ယန်ထျန်းဟန်မှာလင်ရွှမ်းဇီ၏နောက်ကျောအားမြင်လိုက်သည့်တစ်ခဏမှာပင်သူ့နှာခေါင်းထဲချက်ချင်းပင်ချဉ်တက်လာပြီးအော်ပြောလိုက်တော့သည်။

"အဲ့ဒီလူဆိုးကောင်တွေလေ! သူတို့အားပိုင်ကိုလည်ပင်းညှစ်အသေသတ်ခါနီးဖြစ်သွားပြီးဟူပိုလည်းဒဏ်ရာရသွားတယ်!"

လင်ရွှမ်းဇီကသူ့မျက်စိရှေ့မှာရှိသည့်သူအားလုံးအားအမူအယာမဲ့စွာကြည့်လိုက်ပြီးမေးလိုက်သည်။

"အခုရန်ပွဲမှာပါတဲ့သူတွေကဘယ်သူတွေလဲ?"

လင်ရဲ့အာနှင့်လင်ယောင်းဇီ၏ဘေးနားတွင်ဝန်းရံနေကြသောလင်မိသားစုကျောင်းသားများအားလုံးခြေလှမ်းအနည်းငယ်နောက်ဆုတ်သွားကြတော့သည်။လင်ယောင်းဇီအားထူမရန်ပြင်နေသောသူပင်ရှေ့သို့ခြေတစ်လှမ်းမှမလှမ်းရဲဖြစ်သွား၏။

လူတိုင်းကလင်ရွှမ်းဇီမည်မျှကြည့်ကောင်းသည်၊သူ၏ရုပ်ဆင်းသဏ္ဌာန်သည်နတ်ဘုရားများနှင့်မည်သို့ဆင်တူသည်ကိုပြောခဲ့ကြသော်လည်းဤထာဝရရှင်သန်သူလင်ရွှမ်းဇီသည်သူ၏သွင်ပြင်ကလူတိုင်းကိုဒူးထောက်ခိုင်းစေနိုင်မည့်ပုံစံမျိုးလည်းဖြစ်ကြောင်းကိုတော့မည်သူကမျှပြောဆိုခြင်းမရှိခဲ့ပေ။

"အဲ့ဒါကျွန်တော်နဲ့ဘာမှမဆိုင်ဘူး!"

"ကျွန်တော်နဲ့ပတ်သတ်တဲ့အရာတစ်ခုမှမရှိဘူး!"

"ကျွန်တော်က.....ဒီအတိုင်းဖြတ်သွားဖြတ်လာပါ...ဟီးဟီး"

"ကျွန်တော်စကားတစ်လုံးတောင်ဝင်မပြောဘူးနော်~"

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now