Chapter(65) - စီးပွားရေးလုပ်ငန်းတစ်ခု

9.7K 1.5K 23
                                    

Unicode

အခန်း(၆၅) - စီးပွားရေးလုပ်ငန်းတစ်ခု

''ထာဝရရှင်သန်သောမူးယစ်ခြင်း' ဆိုင်တွင်အဝစားပြီးသည်နှင့်ယန်ထျန်းဟန်သည့်သူ့ရဲ့ပြည့်ဝနေတဲ့ဗိုက်လေးအားပုတ်ပြီးလက်တစ်ဖက်ကမြင်းကိုဆွဲကာလင်ရွှမ်းဇီနှင့်အတူတူဖြေးညှင်းစွာလမ်းလျှောက်ပြီးလင်အိမ်တော်သို့ပြန်သွားကြတော့သည်။

သူတို့၏အိမ်ပြန်လမ်းတွင်ယန်ထျန်းဟန်သည်သူ့မျက်နှာသေးသေးလေးအားရှံ့မဲ့ကာဝမ်းနည်းကြေကွဲစွာဖြင့်ပြောတော့၏

" 'ထာဝရရှင်သန်သောမူးယစ်ခြင်း' စားသောက်ဆိုင်ကမရိုးသားဘူး၊ သူတို့ကျွန်တော်တို့ကိုတကယ်ကြီးထမင်းတစ်နပ်အတွက်ရွှေစ ၂၀၀ တောင်တောင်းတယ်။ဒီအတိုင်းဘဏ်ပဲဓားပြသွားတိုက်လိုက်ပါတော့လား! အားယားယား...ကျွန်တော်နောက်အဲ့ဒီမှာဘယ်တော့မှသွားမစားတော့ဘူး"

လင်ရွှမ်းဇီလည်းပြုံးလိုက်ကာ

"ကပ်စေးနဲလေး...ဒီ 'ထာဝရရှင်သန်တဲ့မူးယစ်ခြင်း' စားသောက်ဆိုင်ကစားဖိုမှုးက အငြိမ်းစားအစားအစာကျင့်ကြံသူလေ။ သူချက်တဲ့ဟင်းတွေကအရသာရှိပြီးထူးခြားယုံတင်မဟုတ်ဘူးခန္တာကိုယ်ကအလွယ်တကူစုပ်ယူနိုင်တဲ့နူးညံ့သိမ်မွေ့တဲ့ချီစွမ်းအင်တွေပါတယ်အဲ့ဒါကြောင့်သူ့အစားအစာတွေကကျင့်ကြံသူတွေရဲ့ခန္တာကိုယ်အတွက်မယုံနိုင်လောက်အောင်အကျိုးရှိတယ်ပြီးတော့လည်း'ထာဝရရှင်သန်တဲ့မူးယစ်ခြင်း' စားသောက်ဆိုင်ကချိတ်ဆက်စားသောက်ဆိုင်တစ်ခုဖြစ်ပြီးတိုက်ကြီးငါးတိုက်လုံးမှာလူသိများတယ်လေသူတို့ကသူတို့ရဲ့အစားအစာကျင့်ကြံသူတွေနဲ့ပါဝင်ပစ္စည်းတွေအပေါ်မှာအလွန်တင်းကြပ်ပြီးသူတို့ရဲ့အရည်အသွေးကိုအလွန်တင်းကြပ်တဲ့အလေ့အကျင့်လဲရှိတယ်။အဲ့ဒါကြောင့်သူတို့ဆိုင်မှာစားရင်အဆိပ်မိမှာတို့ဘာတို့ကိုပူစရာမလိုဘူး"

ယန်ထျန်းဟန်သည်သူ့ကိုယ်ကပြောင်းလဲမှုရှိမရှိကိုအာရုံခံလိုက်ပြီးနောက်ခေါင်းလေးအားပွတ်လိုက်ကာပြောလိုက်သည်

"ကျွန်တော်တော့ဘာမှမခံစားရဘူး"

လင်ရွှမ်းဇီလည်းသက်ပြင်းချလိုက်ကာ

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now