Chapter(139) - ခရီးအတွက်အားလုံးထုပ်ပိုးပြီးပြီ

6.3K 1.1K 44
                                    

Unicode

အခန်း(၁၃၉) - ခရီးအတွက်အားလုံးထုပ်ပိုးပြီးပြီ

ဝိညာဉ်ပုတီးစေ့လေးမှာပါးစပ် အပြည့်သွေးတစ်ပွက်ပင်အန်ထွက် မိတော့မည်။

ပွင့်ပွင့်လင်းလင်းပြောရရင်သူက ဒီကလေးဟာအရေလည်းထူတယ်၊ အတွင်းစိတ်ကလည်းမှောင်မိုက်တယ်၊ ကြီးမားတဲ့စိတ်ဆဒ္ဓနှလုံးသားလည်း ရှိပြီးတော့အရမ်းလည်းအရည်အချင်း ပါရမီရှိတယ်ဟုခံစားနေရပြီးထိုကလေး အားတော်တော်လေးကိုလေးစားမိသည်။ သို့သော်သူ၏အချက်တစ်ချက်ကတော့ သူ့ကိုအမြဲတမ်းစော်ကားပြောဆိုပြီး အထင်သေးနေ၏။

<ကလေး...မင်းကသူ့ကိုအရမ်းကို ပူဇော်နေတာပဲဒါပေမဲ့အနာဂတ်မှာ သူကမင်းလုပ်ပေးခဲ့သမျှ့ကောင်းမှုတွေ အကုန်လုံးကိုသူကျိန်းသေပေါက်ရသင့် တယ့်အရာတွေလို့ပဲစတွေးလာလိမ့်မယ်.. မင်းကမျက်လုံးဖြူဝံပုလွေကိုပြုစုပျိုး ထောင်နေတာပဲ!>

ဝိညာဉ်ပုတီးစေ့လေးကစိတ်အားထက် သန်စွာဖြင့်ဆက်ပြီးတိုက်တွန်းနေခဲ့သည်။

"သူကငါ့ကိုကျေးဇူးတင်ကြောင်းမပြော ပဲငါလုပ်ပေးသမျှအရာတွေအကုန်လုံးက သူရသင့်ရထိုက်တာတွေလို့တွေးတာကို ပိုတောင်ကြိုက်သေးတယ်"

လင်ရွှမ်းဇီကအလိုလိုက်လွန်းသည့် မိဘတစ်ယောက်၏မျက်နှာဖြင့် ပြန်ပြောလိုက်၏။

<.......>

ဝိညာဉ်ပုတီးစေ့လေးမှာထိတ်လန့်တုန် လှုပ်သွားပြီး'ပုတ်နေတဲ့သစ်သားက ထွင်းထုလို့မရနိုင်'ဟုကျိန်ဆဲလိုက်ကာ ပါးစပ်ပိတ်၍သေခြင်ယောင်ဆောင် နေလိုက်တော့သည်။

<ဒီကလေးကချီသွေဖယ်မှုကိုခံစား နေရပြီးနေပြီဒီထက်ပိုပြီးကယ်လို့မ ရတော့ဘူး!>

ယန်ထျန်းဟန်ကအခန်း၏နောက်ဘက် မှထွက်လာခဲ့သည်။ထိုဝတ်ရုံကကျင့်ကြံ သူ၏ပုံပန်းသဏ္ဍာန်ကိုလိုက်၍ပြုပြင်ပေး သည့်မှော်ရတနာပါသောကြောင့်သူနဲ့ လုံးဝကိုကွက်တိကျနေခဲ့၏။

ယန်ထျန်းဟန်ကသူ့အင်္ကျီကိုငုံ့ကြည့် လိုက်ပြီးမေးလိုက်သည်။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now