Chapter(69) -လမ်းခုလတ်တွင်ယွီယန်နှင့်တွေ့ဆုံခြင်း

9.7K 1.5K 97
                                    

Unicode

အခန်း(၆၉) - လမ်းခုလတ်တွင်ယွီယန်နှင့်တွေ့ဆုံခြင်း

လင်မိသားစုသည်အမြဲတမ်းမျိုးရိုးစဉ်ဆက်ကျင့်ကြံသူများဖြစ်ကြခြင်းအား ဂုဏ်ယူဝင့်ကြွားလျှက်ရှိပြီးနတ်ဆိုးကျင့်ကြံသူများနှင့်မာန်နတ်၏အမျိုးအနွယ်များနှင့်ပတ်သတ်သောစစ်ပွဲများအားပါဝင်ခဲ့ဘူးကြသည်။

မကြာသေးမီနှစ်များအတွင်းသူတို့၏အဆင့်အတန်းလျင်မြန်စွာကျဆင်းခဲ့ပြီးယခင်ခေတ်ဟောင်းကာလနှင့်နှိုင်းယှဉ်၍မရပါသော်လည်းသူတို့၏အခြေခံအကျဆုံးယုံကြည်မှုများနှင့်အခြေခံမူများကတော့မပြောင်းလဲသေးပေ။

ထိုအခြင်းအရာသည်အဘယ်ကြောင့်ပထမအဆင့်မိသားစုများမှလင်မိသားစုနှင့်လက်ထပ်ခြင်းအားဖြင့်ပေါင်းစည်းရန်ဆန္ဒရှိကြသလဲဆိုသည့်အဓိကအကြောင်းအရင်းတစ်ခုဖြစ်သည်။

လင်မိသားစုမှတစ်ဦးတစ်ယောက်သည်လင်မိသားစု၏တတိယအကြီးအကဲမှထိုကဲ့သို့သောနတ်ဆိုးနှင့်ပတ်သတ်သောအကြောင်းအရာများအားလုပ်နေသည်ကိုရှာဖွေတွေ့ရှိသွားပါက.....ထိုလူသည်ဘယ်လောက်ပဲလင်မိသားစု၏အကျိုးအားဆောင်ခဲ့သူဖြစ်စေကာမူမျိုးနွယ်စုတစ်ခုလုံး၏အဆုတ်မနစ်လိုက်လံသတ်ဖြတ်ခြင်းအားခံရမှာဖြစ်သည်။

အကယ်၍နတ်ဆိုးနှင့်ပတ်သတ်နေသည့်သူမှာလင်ရွှမ်းဇီဖြစ်သွားရင်တောင်အခြေအနေကတူတူပဲဖြစ်၏။

အဆုံးမှာတော့, သူသည်လက်မှုပညာရှင်ဖြစ်နေလျှင်ပင်လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာကလင်မိသားစု၏စုဆောင်းထားသည့်ဂုဏ်သတင်းနှင့် အခြားလင်မိသားစုဝင်များအားလုံး၏ ဘဝများကဲ့သို့အရေးကြီးသည်မဟုတ်ပေ။မဒမ်ပိုင်သည်အကယ်၍သူတို့ကိုသာရှာဖွေတွေ့ရှိသွားပါကထိုအရံအစီအစဉ်အားထားရှိရန်နားလည်သဘောပေါက်လိုက်သည်။

ပိုင်သခင်မသည်လင်ရွှမ်းဇီရဲ့မကြာမီထွက်ခွာမည့်အကြောင်းကိုစဉ်းစားမိလိုက်သောအခါသူမမျက်နှာသည်ရက်စက်သောပုံစံပြောင်းသွားကာမျက်လုံးများအရောင်တောက်သွား၍ပြောလိုက်သည်

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now