Chapter(177) - ကြင်နာမှုရှိတာလား...အင်းအမှန်ပဲ

5.4K 1.1K 138
                                    

Unicode

အခန်း(၁၇၇) - ကြင်နာမှုရှိတာလား...အင်းအမှန်ပဲ

လန်ကျင်းဟဲရဲ့အမူအယာက ရုတ်တရက်ပြောင်းလဲသွားသည်။

"အကြီးအကဲခုန်းယွီ...ကြာပွတ် ဒဏ်ဆယ်ချက်ကတော့အပြစ်ပေး တာအတွက်များလွန်းပါတယ်ရှစ်ရှုန်း မှာလည်းသူမပြောနိုင်တဲ့အခြေအနေ တွေရှိနေလို့ဒီလိုမျိုးလုပ်လိုက်ရတာ ဖြစ်မှာ...အကြီးအကဲအနေနဲ့အခြေအ နေအပြည့်အစုံကိုအရင်ရှာဖွေဖို့ပြောလို ပါတယ်...အဲ့ဒီနောက်ပိုင်းမှအပြစ်ပေး မယ်ဆိုရင်လည်းနောက်မကျပါဘူး!"

သိရမည်မှာထိုကြာပွတ်ကသာမာန် ကြာပွတ်တစ်ခုမဟုတ်ပဲနက်ရှိုင်း ကောင်းကင်ဂိုဏ်းရဲ့ဥပဒေစိုးမိုးရေး ခန်းမဆောင်မှအထူးပြုလုပ်ထားသည့် အပြစ်ပေးကြာပွတ်ဖြစ်သည်။ထိုကြာ ပွတ်ကအကန့်အသတ်မဲ့ဝိဉာဉ်အား များထည့်သွင်းထားသောမှော်ကိရိ ယာတစ်ခုပင်။ထပ်ပေါင်းပြောရရင် သူ့မှာသဘာဝမီးဒြပ်စင်ရှိသည်။ ထို့ကြောင့်တစ်စုံတစ်ယောက်ကိုရိုက် မယ်ဆိုရင်ထိုလူကကိုယ်ခန္တာအတွင်း ရှိဝိဉာဏ်ရေးရာချီများကိုဆူညံအောင် လှုပ်ရှားသွားစေရုံသာမကပြင်းထန် သည့်အပူဒဏ်ကိုလည်းခံစားရစေ သည်။ပုံမှန်ဆိုရင်ကြာပွတ်ဒဏ်တစ် ချက်ကပင်အခြေတည်အဆင့်ကျင့် ကြံသူတစ်ယောက်အားဆယ်ရက်မှ ဆယ်ငါးရက်အထိအိပ်ယာထဲမှာပဲ နေစေရန်လုံလောက်သည်။ဒါကြောင့် ကြာပွတ်ဒဏ်ဆယ်ချက်လုံးသာရိုက် လိုက်ရင်.......လန်ကျင်းဟဲမှာရလဒ် ကိုစိတ်တောင်မကူးရဲပေ။

"ပြောမပြနိုင်တဲ့အခြေအနေလား?" တာအိုခုန်းယွီကမကျေမနပ် အသံတစ်ချက်ပြုသည်။

"အဲ့ဒီလိုဆိုရင်တောင်နက်ရှိုင်း ကောင်းကင်ဂိုဏ်းရဲ့မျက်နှာပျက်စေ တာနဲ့နှိုင်းယှဉ်လို့မရသေးဘူး!"

"ခရီးထွက်လာတဲ့အချိန်မျိုးမှာဘာက အရေးကြီးဆုံးလဲ?သေချာပေါက် မျက်နှာ၊ဂုဏ်သိက္ခာနဲ့ဒီလိုမျိုးတွေကွ"

တာအိုခုန်းယွီမှာပြင်းစွာအမျက်ထွက် နေတာကြောင့်သူ့မုတ်ဆိတ်များပင် ဒေါသကြောင့်ထောင်ထတော့မတတ် ဖြစ်နေသည်။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now