Chapter(112) - မတူညီတဲ့အပြစ်ဒဏ်

6.4K 1.2K 59
                                    

Unicode

အခန်း(၁၁၂) - မတူညီတဲ့အပြစ်ဒဏ်

သို့သော်လင်ရွှမ်းဇီ၏မျက်နှာကအနည်းငယ်မျှပင်မပြောင်းလဲပေ။သူကဒီလိုကြီးမားတဲ့ကံကြမ္မာပြောင်းလဲမှုလောက်နှင့်စိတ်လှုပ်ရှားမည့်သူမဟုတ်သောကြောင့်ဖြစ်သည်။သူကနီလာပြာရောင်ငွေကဒ်အားဖြေးညှင်းစွာပင်သိမ်းဆည်းလိုက်ပြီးပြောလိုက်သည်။

"ဖိုးဖိုးငါးကအရမ်းကိုရိုးသားနေမှတော့ရွှမ်းဇီကဖိုးဖိုးရဲ့ရက်ရောမှုကိုငြင်းပယ်နေမယ့်အစားလက်ခံလိုက်တာပိုကောင်းပါတယ်"

"ဒီသောက်ကောင်လေး........!"

ပဉ္စမအကြိးအကဲကအရမ်းကိုဒေါသထွက်ပြီးအော်ရယ်ပစ်လိုက်ခြင်မိသွားသောကြောင့်သူ့မှာကျိန်ဆဲမိမတတ်ပင်ဖြစ်သွားပြီးကူကယ်ရာမဲ့စွာပြောလိုက်သည်။

"မင်းနဲ့မင်းအဖေကတစ်ပုံစံတည်းပဲ...လိုခြင်တာရတာနဲ့နာခံခြင်ယောင်ဆောင်ရောပြီးတော့မင်းတို့နှစ်ယောက်လုံးရဲ့လေသံပြောင်းသွားတာကမြန်မှမြန်ပဲ"

လင်ရွှမ်းဇီကတော့လေးနက်သည့်အသံဖြင့်ပြန်ပြောလိုက်သည်

"ဖိုးဖိုးငါးစိတ်မပူပါနဲ့ကျွန်တော်မိသားစုအတွက်ပိုပြီးကောင်းမွန်တန်ဖိုးရှိတဲ့အရာတွေကိုယူလာပါ့မယ်၊ဒါပေမဲ့..................."

ပဉ္စမအကြီးအကဲ၏မျက်ခုံးများတွန့်ချိုးသွားပြီးပြောလိုက်သည်။

"ဘာလိုခြင်နေပြန်ပြီလဲ?တစ်ခါတည်းနဲ့ပြောလိုက်တော့ကွာ!"

"ဟီးဟီး...ဖိုးဖိုးငါးအရမ်းရင်တုန်နေစရာမလိုပါဘူးကျွန်တော်ကဒီအတိုင်းကျွန်တော့်မိသားစုကအားဟန်လေးရဲ့လျော်ကြေးငွေနဲ့ပတ်သတ်တဲ့ကိစ္စကိုပဲမေးခြင်တာပါ"

ပဉ္စမအကြီးအကဲမှာပါးစပ်အပြည့်သွေးတစ်ပွက်လောက်ပင်အန်ထုတ်ခြင်မိသွားတော့သည်။

"အဲ့ဒီရွှေစတစ်သိန်းထဲမှာမင်းရဲ့တန်ဖိုးရှိလှတဲ့ညီလေးရဲ့လျော်ကြေးငွေပါပြီးသားမဟုတ်ဘူးလားဟ?"

ရွှေစတစ်သိန်း! အဲ့ဒါကရွှေစတစ်သိန်းတောင်နော်!!

ဒါကသူလိုခြင်တဲ့ဘယ်အရာမဆိုဝယ်ဖို့အတွက်လုံလောက်နေပြီမဟုတ်ဘူးလား?

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now