Chapter(115) - တော်ဝင်ကောင်းကင်ဘုံမြို့တော်

6.7K 1.1K 25
                                    

Unicode

အခန်း(၁၁၅)
တော်ဝင်ကောင်းကင်ဘုံမြို့တော်

လင်ရွှမ်းဇီကကောင်းကင်ပေါ်သို့မော့ကြည့်လိုက်သည်။

"မင်းကိစ္စမင်းလုပ်နေလိုက်ပါ..ငါဆေးနဲ့ရေချိုးဖို့ပြင်ထားလိုက်မယ်"

"ကျေးဇူးတင်ပါတယ်အကိုကြီး...ကျွန်တော်အကိုကြီးကိုပဲဒုက္ခပေးနေမိတယ်"

လင်ရွှမ်းဇီကယန်ထျန်းဟန်၏ခေါင်းလေးအားပွတ်ပေးလိုက်ကာ

"ငါတို့ကမိသားစုတွေလေ...ဘာဖြစ်လို့အပြင်လူလိုပြောနေရတာလဲ?တကယ်လို့မင်းကငါ့ကိုဒုက္ခမပေးခြင်ဘူးဆိုရင်ဘယ်သူ့ကိုများပေးမလို့လဲ?"

ယန်ထျန်းဟန်မှာလင်ရွှမ်းဇီထွက်သွားပြီးသည်အထိတံခါးကိုကြည့်ပြီးအရူးလိုပြုံးနေမိခြင်းအားမရပ်တန့်နိုင်ပေ။

သူ့အကိုကြီးကသူ့ကိုအခုတစ်လောပိုပိုပြီးကောင်းပေးလာသည်။ထို့ပြင်သူကလည်းသူ့အကိုကြီးကိုစတင်ပြီးမှီခိုလာမိကာပိုပြီးလည်းချစ်လာမိသည်ဟုခံစားရသည်။

ယန်ထျန်းဟန်ကအတွေးများကိုပြန်လည်စုစည်းလိုက်ပြိးနောက်ကုတင်ပေါ်မှဖြူဖွေးသန့်စင်သည့်အဝတ်များအားလဲလှယ်ပြီးနေပြီဖြစ်သောအလောင်းအားကြည့်လိုက်သည်။သူကထိုအလောင်းရဲ့ပါးကိုအနည်းငယ်မပျော်မရွှင်ဖြင့်တစ်ချက်ပုတ်လိုက်ပြီးသူ့နှလုံးသားထဲမှာလည်းအနည်းငယ်ချဉ်နေသလိုခံစားရစွာဖြင့်ပြောလိုက်သည်။

"နောက်တစ်ခေါက်ကျရင်ခင်ဗျားကျွန်တော့အကိုကြိးကိုကောင်းကောင်းဆက်ဆံပေးရမယ်နော်..ခင်ဗျားကသူကိုယ်တိုင်အင်္ကျီဝတ်ပေးတဲ့ပထမဆုံးလူပဲ..ခင်ဗျားသိရဲ့လား?"

အလောင်းကတော့လှုပ်ရှားမှုတစ်ခုပင်မရှိပဲအာရုံခံမှုများအားလုံးချို့တဲ့နေ၏။

ယန်ထျန်းဟန်ကအလောင်း၏အနေအထားအားပြောင်းလိုက်ကာတင်ပလ္လင်ခွေသည့်ပုံစံပြင်ဆင်လိုက်သည်။ထို့နောက်သူကလည်းအလောင်းနောက်မှာတင်ပလ္လင်ခွေထိုင်လိုက်ကာသူ့လက်နှစ်ဖက်လုံးအားဆန့်ထုတ်လိုက်ပြီးအလောင်း၏ကျောကုန်းပေါ်သို့တင်လိုက်၏။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now