Chapter(83) - ဇီဂဲဓားဘယ်ရောက်နေလဲ

8K 1.4K 102
                                    

Unicode

အခန်း(၈၃) - ဇီဂဲဓားဘယ်ရောက်နေလဲ

နက်ရှိုင်းကောင်းကင်ဂိုဏ်း၊ ကျိုးပြတ်ဓားတောင်ထွတ်မှအခန်းတစ်ခန်းထဲတွင်

ကျိုးပြတ်ဓားတောင်ထွတ်ရဲ့တောင်သခင်လေး တုချီယင်း သည်တိတ်ဆိတ်ငြိမ်သက်ခြင်းဖြင့်လှပတင့်တယ်ပုံပေါ်သည့်ဓားတစ်ချောင်းအားဘယ်ညာလှည့်ပတ်ကြည့်နေပြီးသူ့မျက်နှာပေါ်တွင်စိတ်ကျေနပ်မှုနှင့်စိတ်အားထက်သန်မှုအပြည့်ဖြစ်နေသည်။

ထိုဓားသည်ဇီဂဲဓားဖြစ်ပြီး --- လင်ရွှမ်းဇီ၏ဓားဖြစ်သည်။သို့သော်သူလင်ရွှမ်းဇီအားနက်ရှိုင်းကောင်းကင်ဂိုဏ်းမှနည်းလမ်းမျိုးစုံသုံးပြီးနှင်ထုတ်ပြီးနောက်လင်ရွှမ်ဇီကိုသူ့သခင်မဖြစ်တော့စေရန်ခွေးတစ်ကောင်သာသာပြောင်းလဲခဲ့ပြီးထိုဇီဂဲဓားသည်သူတုချီယင်းပိုင်ဆိုင်သည့် ဓားဖြစ်လာသည်။

"ဂိုဏ်းတူအကိုတု" ထုန်လဲ့ကတံခါးခေါက်လိုက်ပြီးအထဲဝင်လာ၏။

"လာပြီလား?" တုချီယင်းကဓားကိုစားပွဲပေါ်သို့ပြန်တင်လိုက်ပြီးသူ့အားလက်ဝှေ့ယမ်းပြကာပြောလိုက်သည်

"ညီလေးလာပြီးကြည့်ကြည့်ဦး....ဒီဓားငါ့ဟာလုံးဝဖြစ်လာအောင်ဒီဇီဂဲဓားပေါ်မှာကျန်နေတဲ့လင်ရွှမ်းဇီရဲ့ ခတ်နှိပ်ချက်ကိုဘယ်လိုဖယ်ရှားကြမလဲ?"

ဇီဂဲဓားသည်တုချီယင်း၏လက်ထဲသို့ကျရောက်နေပြီးပြီဖြစ်သော်လည်းထိုဇီဂဲဓားသည်ထိပ်တန်းအဆင့်ရတနာပစ္စည်းဖြစ်သောကြောင့်ဇီဂဲဓားပေါ်တွင်ကျန်ရှိနေသည့်လင်ရွှမ်းဇီ၏ဝိညာဉ်မှာအလွယ်တကူဖျက်စီး၍မရပေ။ထို့အပြင် မှော်ရတနာပေါ်ကခတ်နှိပ်ချက်အားဖယ်ရှားပစ်ချင်သည့်သူမှာလည်းသူကိုယ်တိုင်မှော်ရတနာပြုလုပ်ဖန်တီးနိုင်စွမ်းရှိတဲ့သူဖြစ်ရမှာဖြစ်သည်။

သို့သော်ထိုသို့လုပ်နိုင်သည့်လက်မှုပညာရှင်မှာလက်တစ်ဆုပ်စာသာရှိ၏။ထို့ကြောင့်တုချီယင်းမှာထိုဓားအားအသုံးမပြုနိုင်သေးပေ။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now