Chapter(14) - အရမ်းလွန်သွားပြီ

10.3K 1.7K 10
                                    

Unicode

အခန်း(၁၄)
အရမ်းလွန်သွားပြီ

လင်ရွှမ်းဇီသည် ယန်ထျန်းဟန်ချက်ပြုတ်သောအစားအစာများအား အလွန်အမင်းသတိရနေသော်လည်း အနာဂတ်တွင်သူလုံလုံလောက်လောက်မြည်းစမ်းရဦးမည်ကို သိနေသည်။ သူစိတ်မရှည်မဖြစ်ပေ ထို့အပြင်ရိုးရိုးသားသားပြောရလျှင် ယန်ထျန်းဟန်ချက်သော ဟင်းများသည် တကယ်ကိုတစ်ခုခုလိုအပ်နေသည် သူ့အစားအစာများသည် မလုံလောက်သောအပူချိန်ထိန်းချုပ်မှု ကြောင့်လားတော့မသိ ထူးဆန်းသည့်အရသာရှိသည်။

အခုချိန်တွင် လင်ရွှမ်းဇီသည် သူ့ စွမ်းရည်အား ယန်ထျန်းဟန်၏ရှေ့တွင်ထုတ်ပြချင်နေသည်။ ထို့ပြင် စားကောင်းသောအစားအစာများအား ငတ်နေသည်ကိုပင်မသိသောထိုမိုက်မဲသည့်ကောင်လေးအားကောင်းမွန်စွာ စားစေချင်သည်။

လင်ရွှမ်းဇီသည် ယန်ထျန်းဟန်၏လက်ထဲမှ ဓားကိုလက်လွှဲယူလိုက်ကာ

" သွား.. ပြီးတော့ ၅ယွမ် ဆန်ချက်ထားလိုက်"

ယန်ထျန်းဟန်သည်နှာခေါင်းအားပွတ်လိုက်ကာ ခေါင်းကိုငုံ့ပြီး သူ့ဘေးတွက်ရပ်၍ တိုးညှင်းစွာဖြင့်

" ကျွန်တော်တို့မှာ ၅ယွမ် ဆန်မရှိတော့ဘူး"

လင်ရွှမ်းဇီ၏လက်များ ရပ်တန့်သွားသည်။ သူပြန်စဉ်းစားလိုက်သောအခါ ၅ယွမ် ဆန်သည် ပုံမှန် ကျင့်ကြံသူတစ်ယောက်မတတ်နိုင်လောက်အောင်ပင် အတော်ဈေးကြီးသောဆန်ဖြစ်သည်။သို့သော်လင်မိသားစု၏အကြီးဆုံးသားဖြစ်သောသူ့အတွက်၅ယွမ် ဆန်အား လစဉ်ပုံမှန်ပို့ပေးလေ့ရှိသည်။ သို့သော်ကြည့်ရသည်မှာ သူ့ဆီသို့တစ်ယောက်ယောက်က ၅ယွမ် ဆန်ပို့ပေးခြင်းအားမတွေ့ရသည်မှာ တစ်လကျော်ကျော်မျှကြာမြင့်ခဲ့ပြီထင်သည်။

လင်ရွှမ်းဇီသည်မေးလိုက်၏

" သူတို့နောက်ဆုံးဆန်ပို့တာဘယ်တုန်းကလဲ"

" နောက်ဆုံးလရဲ့ပထမရက်"

ဒီနေ့သည် ယခုလ၏ ၃၀ရက်နေ့ဖြစ်နေပြီဖြစ်သည်သို့သော်သူတို့သည် ၅ယွမ်ဆန်၏အရိပ်ပင်မမြင်ရသေးပေ။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now