Chapter(58) - သတိပေးတိုင်များ၏ပဲ့တင်ရိုက်ခတ်မှု

8.7K 1.5K 36
                                    

Unicode

အခန်း(၅၈)
သတိပေးတိုင်များ၏ပဲ့တင်ရိုက်ခတ်မှု

သို့သော်လင်ရန်ရုကတော့ထိုအရာသည်ပိုတောင်စိတ်ဝင်စားဖို့ကောင်းသွားပြီဟုထင်မိသည်။ သူသည်လင်ရွှမ်းဇီ၏မျက်နှာအားအကဲခတ်လိုက်ကာ

"အဲ့ဒီနေရာမှာငြင်းခုံမှုမရှိခဲ့ဘူးဆိုတော့ တစ်ဖက်ကပြောတဲ့စကားအနည်းငယ်နဲ့ဒေါသထွက်ပြီးလူသတ်ရတဲ့ထိဖြစ်တယ်ဆိုရင်မင်းရဲ့ Dao နှလုံးသားကနည်းနည်းတည်ငြိမ်မှုမရှိတာမဟုတ်ဘူးလား"

"အမှန်ပဲ!" လင်ရွှမ်းဇီရိုးသားစွာပင်ဝန်ခံလိုက်ပြီးဆက်ပြောသည်

"ဆရာသခင်ကအတွင်းကိုထိုးထွင်းသိမြင်နိုင်တာပဲ ရွှမ်းဇီရဲ့ တာအိုနှလုံးသားက တည်ငြိမ်မှုမရှိဖြစ်နေပြီးဆရာသခင်ရဲ့မျက်လုံးများမှမလွတ်မြောက်နိုင်တာပုံမှန်ပါပဲ။ ဒါပေမဲ့အဲ့ဒီလူကရွှမ်းဇီဒဏ်ရာရပြီးကတည်းကစိတ်ဓာတ်ကျနေတာကိုသိရဲ့သားနဲ့။ ကျွန်တော့ရဲ့ တာအိုကမတည်မငြိမ်ဖြစ်နေလို့ စိတ်ဓာတ်ကျနေပေမဲ့သူကရည်ရွယ်ချက်ရှိရှိနဲ့ကျွန်တော့ကိုဒေါသထွက်အောင် လုပ်တဲ့အပြင်ညီလေးကိုတောင်အရှက်ခွဲခဲ့တယ်။သူကသူ့ကိုယ်သူဒုက္ခရောက်အောင် လုပ်နေတာမဟုတ်ဘူးလား?"

"အဓိပ္ပါယ်မရှိတာ!!" ဝမ်ဝု၏အမျိုးသမီးသည်ချက်ချင်းပင်လင်ရွှမ်းဇီအားလက်ညှိုးထိုးကာစိတ်နာကျည်းနေသည့်ပုံစံဖြင့်ပြောတော့သည်။

"ကျွန်မအမျိုးသားကရထားလုံးကအဓိကဝင်ပေါက်ရှေ့မှာရပ်လိုက်တာတွေ့လို့အထဲကလူတွေကိုဘေးပေါက်ကဝင်ဖိုပဲ့ပြောလိုက်တာဒါပေမဲ့ရှင်ကအဲ့ဒီကိစ္စလေးသေးသေးလေးနဲ့သူ့ကိုသတ်ပစ်လိုက်တယ် !! သူကရှင့်ကိုအရှက်ရစေမဲ့စကားတစ်ခွန်းတောင်မပြောခဲ့ဘူး!"

"ဟုတ်တယ်! ငါ့သားကအမြဲတမ်းလင်မိသားစုဝင်တိုင်းရဲ့ ရှေ့မှာရိုသေလေးစားမှုရှိတယ်။ အိမ်ပြန်ရောက်လို့သူ့အိမ်သူအိမ်သားတွေရှေ့မှာတောင်လင်မိသားစုနဲ့ပတ်သတ်ပြီးတစ်ခါမှမကောင်းတာမပြောဘူးဘူး။ သူနဲ့ပတ်သတ်ပြီးမင်းပြောသမျှအားလုံးကသတ်သေလိုတယ်!!" ဝမ်ဝု၏အမေသည်လည်းချက်ချင်းပင်ဆက်ပြောတော့သည်။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now