Chapter (152) - ယင်ချီစွမ်းအင်ကိုစုပ်ယူခြင်း

5.4K 1K 12
                                    

Unicode

အခန်း(၁၅၂) - ယင်ချီစွမ်းအင်ကိုစုပ်ယူခြင်း

လင်ရွှမ်းဇီရဲ့နှုတ်ခမ်းများကအနည်း ငယ်ကွေးညွှတ်တက်သွားရသည်။

ယန်ထျန်းဟန်ကမြင်သောအခါ မေးလေသည်။

"အကိုကြီးဘာကဒီလောက်ရယ်ရလို့လဲ?"

"ဟင်..." လင်ရွှမ်းဇီကပြောလိုက်သည်။

"တွေးမိလို့ပါငါကနည်းနည်းလောက် နဲ့ကျေနပ်တတ်တဲ့သူမျိုးမဟုတ်ဘူးလို့... ပစ္စည်းသုံးမျိုးလောက်ကငါ့ကိုကျေနပ် ရောင့်ရဲစေနိုင်မှာမဟုတ်ဘူး"

အမြှီးလားခေါင်းလားမသိသည့် ထိုစကားများကိုကြားပြီးသည့်အခါ မှာလည်းယန်ထျန်းဟန်ကသူတို့စိတ် များဆက်နွယ်နေသလိုမျိုးခေါင်းညိမ့် ပြလိုက်သည်။

"သေချာပေါက်ပစ္စည်းများများကို စုဆောင်းမှအကျိုးရလဒ်ပိုရမှာပေါ့ ပြိးတော့လည်းရရှိတဲ့အခွင့်အရေးကို မယူတဲ့သူကအရူးပဲဖြစ်မှာ...့ပိုင်မိသားစု ကအဲ့ဒါတွေကိုအလကားပေးချင်နေ တယ်ဆိုမှတော့ကျွန်တော်တို့ကဘာလို့ အလကားမယူရမှာလဲ?"

လင်ရွှမ်းဇီကပြောလိုက်သည်။

"ငါထင်တာတော့ငါတို့အဲ့ဒါတွေကို အသက်ရှင်ရက်နဲ့ယူနိုင်ပေမယ့်အဲ့ဒါတွေ အကုန်သုံးဖို့လုံလောက်အောင်အသက် မရှင်မှာကိုတစ်ယောက်ယောက်က စိတ်ပူနေတယ်"

ယန်ထျန်းဟန်ကထိုအကြောင်းကို အနည်းငယ်စဉ်းစားလိုက်ပြီး စိတ်သောကတစ်ချို့နှင့်မျက်မှောင် ကြုံ့လိုက်မိသည်။

"အဲ့ဒါကလည်းကျိုးကြောင်းဆီ လျော်တာပဲ...ပိုင်မိသားစုကကျွန်တော် တို့ကိုမျှော်လင့်ချက်မရှိတဲ့အခြေအနေ အတွက်မောင်းထုတ်တာဒါမှမဟုတ် တစ်ခြားကျင့်ကြံသူတွေကကျွန်တော်တို့ ဆီကရတနာတွေကိုလိုချင်လို့ကျွန်တော် တို့ကိုသတ်ဖို့ကြိုးစားတာလည်းဖြစ်နိုင်တာပဲ"

"အဲ့ဒါကဒီအတိုင်း 'ဖြစ်နိုင်တာပဲ'မဟုတ်ဘူး" လင်ရွှမ်းဇီကသူ့လက်ချောင်းများကို လှုပ်ယမ်းပြလိုက်သည်။

"အဲ့ဒါကအများဆုံးကျိန်းသေပေါက် ဖြစ်မှာ...ဒါပေမဲ့ငါတို့ကပိုင်မိသားစု အတွက်နေရာတစ်ချို့ချန်ထားပေးလိုက် မယ်ဆိုရင်တော့ပိုင်မိသားစုရဲ့အဆင့်အ တန်းနဲ့ဆိုရင်သူတို့ငါတို့ကိုစိတ်ရှုပ်ခံမနေ မှာကသဘာဝပဲ...တစ်ခြားတစ်ဖက်က တော့မျက်လုံးနီကြီးတွေနဲ့ကျိန်းသေ ကြည့်ကြမှာပေါ့"

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now