Chapter(186) - ထိပ်တန်းအဆင့်မှော်ကိရိယာ

5K 1K 31
                                    

Unicode

အခန်း(၁၈၆) - ထိပ်တန်းအဆင့်မှော်ကိရိယာ

ဒါဟာပြန်လည်စစ်ဆေးပြီး ဝေဖန်ဖို့မဟုတ်ပါလား?

မီးခိုးရောင်ဝတ်တာအိုကြီးကသူ့ရဲ့ဆုပ် ကိုင်ထားမှုပြေလျော့ပြီးသံလိုက် အိမ်မြှောင်အားလွှတ်ချမိမတတ် ပင်ဖြစ်သွားသည်။သူကအလျင်အမြန် ပင်သံလိုက်အိမ်မြှောင်အားတင်း တင်းကြပ်ကြပ်ပြန်ဆုပ်ကိုင်၍နောက် တစ်ကြိမ်ထပ်စစ်ဆေးပြန်သည်။ တူညီတဲ့ရလဒ်သာထပ်ရလာသည်။

ဒါပေမဲ့....ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

မီးခိုးရောင်တာအိုဝတ်ဆုံဝတ်လူ ကကောင်းကင်ဘုံတာအိုရဲ့မကောင်း တဲ့ရည်ရွယ်ချက်ကိုပါခံစားလို့ရလာ သလိုပင်။အံ့အားသင့်ခြင်းနှင့်စိတ်ရှုပ် ထွေးတဲ့အမူအယာတို့ကြားမှာသူက ဂရုတစိုက်မေးလိုက်သည်။

"မိတ်ဆွေလေး..မင်းဒါကိုဘယ်လို လုပ်လိုက်တာလဲ?"

လင်ရွှမ်းဇီကပြုံးလိုက်သည်။

"သံလိုက်အိမ်မြှောင်ပေါ်ကပုံစံကွက် တွေကိုနောက်တစ်ခါထပ်ပြီးစစ်ဆေး ကြည့်လိုက်ပါ"

မီးခိုးရောင်ဝတ်စုံနှင့်အကြီးအကဲက ချက်ချင်းပင်သူ့လက်ထဲကလေးလံလှ တဲ့သံလိုက်အိမ်မြှောင်ကိုငုံ့ကြည့် လိုက်မိသည်။

ထိုသံလိုက်အိမ်မြှောင်ကနှစ်မြှုပ် ကျောက်တုန်းကိုအခြေခံ၍ပြုလုပ် ထားခြင်းဖြစ်သည်။အဲ့ဒါကလက်ဖဝါး လောက်သာအရွယ်ရှိသော်လည်းရွှေ နှင့်ငွေရောင်လိုင်းများကကောင်းကင် ပေါ်ကကြယ်လေးများလိုမျက်နှာပြင် ပေါ်မှာကွဲပြားစွာဖြင့်တစ်ကြောင်းနှင့် တစ်ကြောင်းကူးလူးယှက်နွယ်နေ ကြသည်။၎င်းသည်ကြယ်လေးများ ဖြင့်ပြုလုပ်ထားသည့်လိုင်းများနှင့်ပင် တူပြီးတစ်ခြားကမ္ဘာလောကတစ်ခု ၏ထူးကဲကောင်းမွန်မှုကိုဖော်ပြထား သလိုပင်။

ထိုလိုင်းများကြားထဲတွင်စွမ်းအင် ပြည့်ဝိဉာဉ်အားများပါဝင်နေသည်။ သို့သော်မီးခိုးရောင်တာအိုဝတ်လူကြီး အားအလွန်ထိတ်လန်သွားစေသည့် အရာကလိုင်းများရဲ့ဖွဲ့စည်းပုံနှင့်အစီ အစဉ်သည်ထင်ယောင်ထင်မှားဖြစ်စေ တဲ့အခင်းအကျင်းအားချိုးဖြတ်နိုင်တဲ့ နောက်ထပ်အခင်းအကျင်းပုံစံတစ် ခုဖြစ်နေတာကြောင့်ဖြစ်သည်!

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now