Chapter (62) - ခွက်ထဲမှအရသာ

9.5K 1.3K 63
                                    

Unicode

အခန်း(၆၂) - ခွက်ထဲမှအရသာ

လင်ရွှမ်းဇီကပြောလိုက်သည်

"ပုံမှန်ခွက်တစ်ခွက်သွားယူ"

ယန်ထျန်းဟန်သည်မီးဖိုချောင်ထဲမှခွက်တစ်ခွက်ယူကာကျောက်တုန်းစားပွဲပေါ်တင်လိုက်၏။

လင်ရွှမ်းဇီသည်ဝိုင်ပုလင်းအားလက်တစ်ဖက်ဖြင့်မလိုက်ကာဝိုင်များအားပုံမှန်ခွက်ထဲသို့လောင်းထည့်လိုက်ပြီးယန်ထျန်းဟန်အား​​ပြောလိုက်သည်

"စမ်းကြည့်.."

ယန်ထျန်းဟန်သည်ငယ်ရွယ်စဉ်ကတည်းကလင်ကျန်နှင့်လိုက်ပြီးအမြဲတမ်းသောက်ခဲ့ဘူးသောကြောင့်ထိုခွက်တစ်ခွက်သည်သူ့အတွက်ဘာမှမဟုတ်ပေ။သူသည်ခွက်အားလက်ခံလိုက်ကာတစ်ကျိုက်တည်းမော့သောက်ချလိုက်သည်ထို့​နောက်ချီးကျူးစကားမပြောခင်တွင်သူ့နှာခမ်းသူလျှာနှင့်သပ်ကာခေါင်းညိမ့်ပြလိုက်ပြီး

"ဝိုင်ကောင်းပဲ..ဒါကအဖေသဘောအကျဆုံးပန်းတစ်ရာအရက်ဖြစ်လိမ့်မယ်"

လင်ရွှမ်းဇီသည်ထိုခွက်ထဲသို့ပင်နောက်ထပ်တစ်ခွက်ထပ်ဖြည့်ပြီးသောက်၍အရသာခံလိုက်သည်ထို့နောက်ခေါင်းညိမ့်ပြလိုက်ကာ

"ဒါကတကယ်ကိုပန်းတစ်ရာအရက်ပဲပြီးတော့အနည်းဆုံးနှစ် ၅၀ လောက်သက်တမ်းရှိနေပြီဖြစ်လိမ့်မယ်"

ယန်ထျန်းဟန်၏မျက်လုံးများပြုးကျယ်သွားသည် --- လင်ရွှမ်းဇီယူသွားသောဝိုင်ခွက်အားပြူးကြည့်နေကာ

"အကိုကြီး...အဲ့ဒီခွက်ကကျွန်တော်သောက်ထားတာ"

"မင်းသောက်ထားတယ်ဆိုတော့ငါသုံးလို့မရဘူးလား?" လင်ရွှမ်းဇီ၏ပုံစံသည်မယုံနိုင်လောက်အောင်တည်ညိမ်နေသည်။

ယန်ထျန်းဟန်မှာသူကအလွန်အကျူးအထိမခံဖြစ်သွားပြီးသူ့အကိုကြီးအားအပြင်လူအနေဖြင့်ဆက်ဆံနေမိသည်ဟုတွေးလိုက်မိသည်။

အရင်တုန်းကအကိုကြီးနှင့်ဆက်သွယ်မှုသိပ်မရှိခဲ့ပေမဲ့လည်း အခုတော့အိပ်ယာတောင်မျှသုံးနေပြီဆိုတော့သဘာဝအားဖြင့်တော့...........တစ်ခွက်တည်းတူတူသုံးတာတောင်မှအဲ့ဒါကပုံမှန်ပဲဖြစ်လိမ့်မယ်ဟုတ်တယ်နော်!!

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now