Chapter (7) - ပိုင်ဆိုင်မှုအားသံသယဖြစ်ခြင်း

13.4K 1.9K 22
                                    

(Unicode)

အခန်း(၇) ပိုင်ဆိုင်မှုအားသံသယဖြစ်ခြင်း - ထျန်းဟန်၏ အဆင်မပြေသောဖြစ်ရပ်

ရထားသည် လင်ရွှမ်းဇီ၏ အိမ်တော်သို့မောင်းနှင်သွားသည်။

ထိုခြံသည်ဝေးလံခေါင်ဖျားသောနေရာတွင်တည်ရှိပြီး လင်မိသားစု၏ထောင်ကျော်သောအဆောက်အဦးများစွာအကြားတွင်တွေ့ရှိနိုင်သောကောင်းကင်အဆင့်ခန်းမျိုးမဟုတ်ပါ။

လင်ကျန်သည်ပျောက်ဆုံးနေပြီး လင်ရွှမ်းဇီသည်အသုံးမကျစွာဖြင့် နက်ရှိုင်း​ေကောင်းကင်ဂိုဏ်းမှ မောင်းထုတ်ခံထားရသည့် ဤအခြေအနေမျိုးတွင် လင်ကျန်နှင့် လင်ရွှမ်းဇီတို့၏အခန်းများသည် ကောင်းကင်အဆင့်ခြံဝင်းထက်နိမ့်ကျသွားခဲ့ပြီဖြစ်သည်။

ထို့ပြင် ဤခြံဝင်းသည် ကမ္ဘာအဆင့်ခြံဝင်းသာသာ သာရှိသည်။ သို့သော်လည်း ထိုဝေးလံသောအရပ်တွင်တည်ရှိနေသောကြောင့် ကောင်းကျိုးများလည်းရှိပါသေးသည် အနည်းဆုံးတော့ထိုနေရာတွင်လူများစွာမရှိသောကြောင့်တိတ်ဆိတ်ငြိမ်းချမ်းသည်။

ပုံမှန်အားဖြင့် သူတို့အား မည်သူမျှလာပြီး နှောက်ယှက်မည်မဟုတ်ပေ ထို့အပြင်လင်မိသားစု၏အိမ်တော်များနှင့်တော်တော်ဝေးဝေးတွင်တည်ရှိသောကြောင့် တစ်ခြားလင်မိသားစု၏တပည့်တပန်းများနှင့်တွေ့ရန်လည်းစိတ်မပူရပေ။ဤကဲ့သို့ဖြင့်လင်ရွှမ်းဇီသည် သူ၏ကြီးမားသောစီမံချက်များအား ငြိမ်းချမ်းစွာလုပ်ဆောင်နိုင်သည်။

ရထားလုံးသည်ရပ်တန့်သွားပြီး ယန်ထျန်းဟန်သည်အပြင်မှနေ၍ လှမ်းပြောသည်

" အကိုကြီးကျွန်တော်တို့ ပြန်ရောက်ပြီ"

လင်ရွှမ်းဇီသည် ကို့ကိုကိုယ်ထူမတ်လိုက်ကာ ကန့်လန့်ကာကိုဖွင့်၍ ရထားလုံးအပြင်သို့ထွက်လိုက်သည်။

ယန်ထျန်းဟန် သည်လန့်သွားကာ အရှေ့သို့အလျှင်အမြန်တိုးပြီး လင်ရွှမ်းဇီအား ကူညီပေးရန်လုပ်ဆောင်လိုက်သည် သို့သော် ထိုအစား လင်ရွှမ်းဇီသည် သူ၏လက်အား အရင်ကိုင်လိုက်လေသည်။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now