Chapter(176) - ရိုးရှင်းတဲ့ခုတ်ချက်တစ်ခုတည်းနဲ့ဖျက်စီးပစ်လိုက်သည်။

5K 1.1K 31
                                    

Unicode

အခန်း(၁၇၆) - ရိုးရှင်းတဲ့ခုတ်ချက်တစ်ခုတည်းနဲ့ဖျက်စီးပစ်လိုက်သည်။

မလိုအပ်တဲ့ပဋိပက္ခ?

ဂိုဏ်းကတပည့်တွေကိုပါခေါ်သွားရမယ်?

ဟန်ယူရန်ကရုတ်တရက်ထိတ်လန့်သွ ားသည်။ဒါကယွမ်ထျန်းဝမ်သူ့ကိုထိပ် တိုက်ရင်ဆိုင်တော့မယ်ဆိုတဲ့အကြောင်း ကိုအရိပ်အမြွက်ပေးဖို့ကြိုးစားနေတာပဲ. .တစ်ခြားစကားနဲ့ပြောရမယ်ဆိုရင် ယွမ်ထျန်းဝမ်ကသူနဲ့ပြဿနာတစ်ချို့ ရှင်းချင်နေတယ်ဆိုတဲ့သဘောပဲမဟုတ် ဘူးလား?

ဟန်ယူရန်ရဲ့နှလုံးသားကခဏမျှ တုန်လှုပ်နေပြီးမှအလျင်အမြန်ပြန် တည်ငြိမ်သွားသည်

ဒီနေ့ကအနှေးနဲ့အမြန်ရောက်လာမှာ ပဲလေပြီးတော့သူ့ကိုယ်သူလည်း စိတ်ပိုင်းဆိုင်ရာပြင်ဆင်ပြီးသားပဲဟာ... ဒီနေ့ကဒီလိုမျိုးမြန်မြန်ရောက်လာမှာ ကိုပဲမမျှော်လင့်ခဲ့မိတာ

မူလကတော့သူထင်တာယွမ်ထျန်းဝမ် ထိုအရူးကသူတို့နှစ်ယောက်တာအို အဖော်အခန်းအနားပြီးဆုံးမှရှာတွေ့ လိမ့်မယ်ဟု

"ကျေးဇူးအများကြီးတင်ပါတယ်"

ဟန်ယူရန်ကကောင်လေးအားပြော လိုက်သည်။ထို့နောက်သူကဘေးမှ လူများကိုပါပြောလိုက်၏။

"ထျန်းဝမ်ကကျွန်တော့ကိုပြောစရာ ရှိနေလို့တဲ့...သိုင်းသင်ဘက်စီနီယာ အကိုကြီးများအားလုံးကိုကျွန်တော်နဲ့ အတူတူသွားကြဖို့ဖိတ်ခေါ်ပါရစေ"

နက်ရှိုင်းကောင်းကင်ဂိုဏ်းမှလူများ အားလုံးတစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်မိကြသည်။

"အခုလား?ငါတို့နဲ့သူကဘာလိုချင် နေတာမို့လို့လဲ?"

ဟန်ယူရန်ကခါးသက်သက် အပြုံးတစ်ခုပြုံးလိုက်သည်။

"ထျန်းဝမ်နဲ့ကျွန်တော့ကြားမှာမလိုအပ် တဲ့အထင်လွဲမှုတစ်ချို့ဖြစ်သွားလို့ပါ, အဲ့ဒါကြောင့်....သိုင်းသင်ဘက်စီနီယာ အကိုကြီးများအားလုံးကိုကျွန်တော်နဲ့ အတူအပြင်လိုက်ပြီးအခြေအနေလေး ကိုညှိနှိုင်းပေးစေချင်လို့"

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now