Chapter (193) - သနားစရာကောင်းတဲ့တစ်ယောက်က တာဝန်ယူပေးလိုက်ရသည်

5.2K 1.1K 44
                                    

Unicode

အခန်း(၁၉၃) 
သနားစရာကောင်းတဲ့တစ်ယောက်က တာဝန်ယူပေးလိုက်ရသည်

ယန်ထျန်းဟန်ကသူ့မေးစေ့ကိုထိ လိုက်ပြီးခဏမျှစဉ်းစားကာအတော် လေးနားမလည်သေးသည့်ဟန်ဖြင့် ထပ်မေးသည်။

"ဒါပေမဲ့လက်မှုပညာရှင်တွေကို လူတွေကလေးစားကြတယ်မဟုတ် ဘူးလား?ဘာလို့အဲ့ဒီလူတွေက လက်မှုပညာရှင်ကိုအနိုင်ကျင့်ရဲရတာလဲ?"

"လူတွေကရိုးသားစွာနဲ့မွေးဖွားလာကြ တာကြီးပဲလေဒါပေမဲ့သူတို့ရဲ့ရတနာမြေ ကသူတို့ကိုပြဿနာတက်စေတာ" လင်ရွှမ်းဇီကဆက်ပြောသည်။

"အကယ်၍ဒီလောကကလူတိုင်းသာ အားဟန်လိုရိုးသားပြီးကြင်နာတတ် မယ်ဆိုရင်အပြစ်ပေးတယ်ဆိုတဲ့အရာ မျိုးကလည်းလိုအပ်မှာမဟုတ်ဘူးလေ"

ယန်ထျန်းဟန်ကပြုံးလိုက်မိတော့သည် "အကိုကြီးကကျွန်တော့ကိုပျော် အောင်လုပ်ပေးနေတာပဲ"

"ငါကမင်းကိုပျော်အောင်လုပ်ပေး သင့်တာပဲမဟုတ်ဘူးလား?" လင်ရွှမ်းဇီကပြုံးလိုက်ပြီးသူ့ပုခုံး ကိုပုတ်ပေးလိုက်သည်။

"ဒီနေ့တော့ဒီမှာပဲရပ်လိုက်ကြရအောင် သွားတော့.....ပိုပြီးအနားယူလိုက်ဦး... မင်းမနက်ဖြန်မှာအဂ္ဂီရတ်ပညာရှင် ယှဉ်ပြိုင်ပွဲမှာပါရဦးမယ်လေ"

ယန်ထျန်းဟန်ကခေါင်းညိမ့်ပြလိုက် ပြီးပြန်လှဲချလိုက်ကာစောင်အောက် ကိုတိုးဝင်သွားလေသည်။

သူကလင်ရွှမ်းဇီအားကြည့်ပြီး မျက်တောင်တစ်ချက်ခတ်လိုက်၏။

"အကိုကြီးပြောတဲ့လက်မှုပညာရှင် မဟာမိတ်အဖွဲ့ကဘယ်တော့တည် ထောင်နိုင်မှာလဲ?"

လင်ရွှမ်းဇီကပေါ့ပါးစွာသာပြန်ဖြေသည် "အဲ့ဒါကကြီးမားတဲ့အစီအစဉ်ကြီး လေအချိန်တိုအတွင်းမတည်ထောင်နိုင်ဘူး"

ယန်ထျန်းဟန်ကမျှော်လင့်နေပုံရသည်
"အနှေးနဲ့အမြန်တော့ဖြစ်လာမှာပါ"

မျက်နှာမှာအပြုံးတစ်ခုဆင်မြန်းထား ရင်းနှင့်ပင်လင်ရွှမ်းဇီကသူ့အတိတ် အကြောင်းကိုပြန်ပြောင်းသတိရနေမိသည်။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now