Chapter(198) - ထုတ်ပြောဖို့တောင်မတန်ဘူး

12.9K 1.2K 98
                                    

Unicode

အခန်း(၁၉၈) - ထုတ်ပြောဖို့တောင်မတန်ဘူး

ယွမ်ထျန်းဝမ်ရဲ့နှုတ်ခမ်းများက ရှုံ့တွသွားရသည်

"နောက်ကျနေပြီလေမင်းပြန်သွား ပြီးအနားယူတာကောင်းလိမ့်မယ်"

သွမ့်ယွီယန်ကမျက်လုံးထိမရောက် သည့်အပြုံးတစ်ခုပြုံးလိုက်သည်။

"ခင်ဗျားဒီအခြေအနေကိုကိုယ့် ဘာသာကိုယ်ဖြေရှင်းလို့ရလို့လား?"

"ခဏလောက်သည်းခံလိုက်ရင် မကြာခင်ပြီးသွားမှာပါ" ယွမ်ထျန်းဝမ်ကအမူအယာမဲ့ စွာဖြင့်ပြန်ဖြေလိုက်သည်။

"အမျိုးသမီးတစ်ယောက်ဖြစ်ဖြစ် အမျိုးသားတစ်ယောက်ဖြစ်ဖြစ်ရှာ ရမှာအဲ့ဒီလောက်ခက်ခဲလို့လား?" သွမ့်ယွီယန်ကအေးစက်စွာဖြင့် ဆက်မေးသည်။

ယွမ်ထျန်းဝမ်ကရုတ်တရက် သူ့အားစိုက်ကြည့်လာသည်။

"မင်းကိုယ့်ကိုသက်သက်ရန်စနေတာလား?"

"ဘယ်သူကခင်ဗျားကိုရန်စနေလို့လဲ? ကျွန်တော်တကယ်အတည်ပြောနေတာ" သွမ့်ယွီယန်ကသူ့နှုတ်ခမ်းများကို ကွေးညွှတ်လိုက်ကာဆက်ပြောသည်။

"ကျွန်တော်ကကိုယ့်ကိုကိုယ်ခင်ဗျားရဲ့ တံခါးဝရှေ့ထိလာပို့ပေးတယ်ဒါပေမဲ့ ခင်ဗျားကကျွန်တော့ကိုမလိုချင်ဘူး ပြီးတော့အခုခင်ဗျားကဒါကိုဖြေရှင်းဖို့ တစ်ခြားလူကိုလည်းမရှာချင်ဘူးဆို တော့ခင်ဗျားကတကယ်ကိုကိုယ့်ကို ကိုယ်သတ်သေဖို့ကြံစည်နေတာပဲ"

ယွမ်ထျန်းဝမ်ကသူ့ကိုတစ်ချက် ကြည့်လိုက်ပြန်သည်။

"ကိုယ့်ဘဝရဲ့ကျန်တဲ့သက်တမ်း တစ်လျှောက်လုံးကိုမင်းတစ်ယောက် တည်းနဲ့ပဲကုန်ဆုံးမှာခဏတာပျော်ရွှင်မှု တစ်ခုတည်းအတွက်မဟုတ်ဘူး...ကိုယ် မင်းကိုလိုချင်တယ်ဒါပေမဲ့အဲ့ဒါကသေ ချာပေါက်ဒီနေ့လိုအခြေအနေမျိုးနဲ့ မဟုတ်ဘူး"

သွမ့်ယွီယန်ကရပ်သွားပြီးမှ မတ်တပ်ထရပ်လိုက်သည်။

"ဒါဆိုလည်းကိုယ့်ဘာသာကိုပဲ ဆက်သည်းခံနေလိုက်တော့"

ယွမ်ထျန်းဝမ်ကသဘောတူတဲ့ပုံစံနဲ့ အသံတစ်ချက်ပြုလိုက်ပြီးသွမ့်ယွီယန် ထွက်သွားသည်အားကြည့်နေလိုက်သည်။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now