Chapter (12) - မကောင်းသောအတွေးများ

10.6K 1.7K 8
                                    

Unicode

အခန်း(၁၂)
မကောင်းသောအတွေးများ

ယန်ထျန်းဟန်သည်မျက်နှာငယ်လေးဖြင့် သူ့ကိုယ်သူအကျီၤထဲဖွက်ထားသည်ကို မြင်ရတာကြောင့်လင်ရွှမ်းဇီမှာမည်သို့မှ မတတ်နိုင်တော့ပဲစိတ်မချမ်းမသာဖြစ် လာကာသူ့အသံအားလျှော့လိုက်၍ ပိုပြီးနူးညံ့ငြင်သာစွာဖြင့်ပြောလိုက် မိတော့သည်။

" မင်းကြိုက်တဲ့ဟင်းတစ်ခုခုချက်ဖို့သွား ဆေးကြောထားလိုက်"

ယန်ထျန်းဟန်ကလင်ရွှမ်းဇီ ဗိုက်ဆာနေပြီဟုထင်သောကြောင့် ခေါင်းအားအလျှင်အမြန်ပင်ငြိမ့် ပြကာပြေးထွက်သွားတော့သည်။

သူတို့ခြံ၏ညာဘက်အပြင်ဘက်တွင် အသီးအနှံစိုက်ခင်းတစ်ခုရှိပြီး ထိုစိုက်ခင်းထဲတွင်ယန်ထျန်းဟန် ကအမျိုးမျိုးသောအသီးအနှံများနင့် ဝိညာဉ်စွမ်းအင်အပင်များအားစိုက် ပျိုးထားသည်။

ထိုစိုက်ခင်းလေးအားဂရုတစ်စိုက်ဖြင့် နေ့တိုင်းရေလောင်းပေးလေ့ရှိသည့် အပြင်သူ့တွင်ရှိသောချီစွမ်းအင်အနည်း ငယ်အားလည်းအပင်များကြီးထွား သန်မာစေရန်အသုံးပြုသေးသည်။ ထို့ကြောင့်ထိုဝိညာဉ်စွမ်းအင်အပင် များမှာကောင်းကောင်းမွန်မွန်ပင်ကြီး ထွားသန်မာနေကြသည်မှာကြည့်လိုက် သည်နှင့်အစားစားချင်စိတ်အားဖြစ်ပေါ် စေနိုင်၏။

ယန်ထျန်းဟန်သည်ပို၍အာရုံစိုက်ကာ ဝိညာဉ်စွမ်းအင်ဖြင့်ရေအပြည့်လောင်း ထားသောအကြီးဆုံးဂေါ်ဖီထုတ်အား ရွေးချယ်လိုက်သည်။ထို့နောက်ယခုည တွင်လင်ရွှမ်းဇီအားမည်သို့အရသာရှိ အောင်ချက်ပေးရမလဲဆိုကိုတွေးနေ တော့သည်။

ခြံအတွင်းတွင်တော့လင်ရွှမ်းဇီသည် ဟန်ယန်ရန်အားတည်ငြိမ်စွာပင် ကြည့်နေသည်။

ဟန်ယန်ရန်၏မျက်ဝန်းများကတော့ လင်ရွှမ်းဇီကိုင်ဆောင်ထားသည် ကျောက်စိမ်းရောင်ဆံထိုးပါ်တွင် သာတည်ရှိနေသည်။ဟန်ယန်ရန်က ချမ်းသာကြွယ်ဝသောကျင့်ကြံသူ မိသားစုမှလာသောသူဖြစ်တာကြောင့် ရတနာပစ္စည်းတော်တော်များများ အားမြင်ဘူးသည်ထို့ကြောင့် ထိုဆံထိုးအားတစ်ချက်ကြည့်ရုံဖြင့် ထူးခြားသည်ကိုပြောနိုင်၏။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now