Chapter(33) - လျိုကျား ရဲ့ တောက်ပတဲ့ရတနာ

9.7K 1.5K 36
                                    

Unicode

အခန်း (၃၃)
လျိုကျား ရဲ့ တောက်ပတဲ့ရတနာ

ဟူပိုသည်သူ့နတ်ဆိုးမွှေ့လျှော်သီးအားမမြိုချင်ခင်တွင်သေချာဝါးစားလိုက်ပြီး နောက်ကျေနပ်တင်းတိမ်သွားသည့်ပုံစံဖြင့်ပြောလိုက်သည်

<မင်းကဒါလေးတောင်နားမလည်ဘူးဆိုရင်တော့ မင်းကကျားဖြူမဟုတ်တော့ဘူးကြပ်မပြည့်တဲ့အရူးပဲ>

အားပိုင် : : <.......>

< အို့.. မဟုတ်သေးဘူးမင်းကနဂိုတည်းက ကြပ်မပြည့်တဲ့အရူးပဲကို>

ဟူပိုသည် အထင်သေးသည့်မျက်နှာနှင့်ကြည့်ပြီးဆက်ပြောလိုက်သည်

< အားပိုင်....ဘာဖြစ်လို့ ဟန်ဟန်က မင်းကိုမရောင်းပဲငါ့ကိုရောင်းလိုက်တာလဲဆိုတာသိလား?>

အားပိုင်သည်ရင်ကိုကော့ကာ ဂုဏ်ယူစွာဖြင့်ပြောလိုက်သည် <ဘာဖြစ်လို့လဲဆိုတာငါကအရမ်းနာခံတတ်ပြီးချစ်ဖို့ကောင်းလွန်းလို့ ဆရာသခင်ကမရောင်းရက်တာမဟုတ်ဘူးလား !!>

ဟူပိုသည်သူ့ခေါင်းအားခါကာ အားဘိုင်အား Ao ဟုအသံပြုလိုက်ကာပြောလိုက်သည်

<တစ်နေ့ကသူ ဟိုနတ်ဆိုးကြီးကိုပြောနေတာငါကြားလိုက်တယ် သူပြောတာက -- ဘာဖြစ်လို့လဲဆိုတော့ ဟူပိုကညဏ်ကောင်းတယ် အားပိုင်ကြည့်ရတာစကားသိပ်မပြောနိုင်သလိုပဲအကယ်၍သူသာအားပိုင်ကိုရောင်းလိုက်ရင် သူကြောက်တာကရက်ပိုင်းအတွင်းကျားအရေခွံဖြစ်သွားမှာစိုးလို့တဲ့။ ဒါပေမဲ့သူရောင်းတာဟူပိုဆိုရင်တော့ သူ့ရဲ့လိမ္မာပါးနပ်ပြီးဉာဏ်ရည်ထက်မြက်တာကို အခြေခံပြီး သူဘာသာတောင်လွတ်မြောက်ပြီးပြန်ပြေးနိုင်လိမ့်မယ်တဲ့ >

အားပိုင်ကြည့်ရသည်မှာ လျှပ်စီးလိုက်သွားသလိုပင်ဖြစ်သွားရပြီး ချက်ချင်းပင်နှတ်ခမ်းများတုန်ယင်ကာ ဟူပိုအားစူးစိုက်ကြည့်လိုက်သည်။သူ့ရဲ့ ကျားကိုယ်တစ်ခုလုံး နေလို့သိပ်မကောင်းသလိုပင်ခံစားနေရသည်။

သူ့ရဲ့ဘယ်အပိုင်းက စကားမပြောနိုင်လို့လဲ သူ့အကင်းပါးမှုကလည်းသာမာန်မှမဟုတ်တာကို!!

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now