Chapter(101) - နတ်ဆိုးသားရဲများအားအနိုင်ကျင့်ခြင်း

7K 1.2K 43
                                    

Unicode

အခန်း(101) - နတ်ဆိုးသားရဲများအားအနိုင်ကျင့်ခြင်း

နတ်ဆိုးသားရဲကျောင်းသည်ချင်မြို့တော်အပြင်ဘက်မြစိမ်းတောင်ပေါ်တွင်တည်ရှိသည်။

မြို့တော်တိုင်းတွင်အနည်းဆုံးနတ်ဆိုးသားရဲအဖွဲ့အစည်းတစ်ခုတော့ရှိ၏။အဆုံးမှာနတ်ဆိုးသားရဲများသည်ယနေ့ကမ္ဘာပေါ်တွင်ပျံ့နှံ့လျက်ရှိသည်။ထို့ကြောင့်မျိုးနွယ်စုအများစုကတစ်ချို့နတ်ဆိုးသားရဲများအားသူတို့၏ကျောင်းသားများအတွက်စာချုပ်ချုပ်ဆိုနိုင်ရန်ပြုစုပျိုးထောင်ပေးကြသည်။၎င်းသည်နောင်တွင်အင်အားကြီးတိုက်ခိုက်ဖော်မိတ်ဆွေဖြစ်လာမှာဖြစ်၏။

ထို့နောက်အရှေ့ချင်မြို့တော်၏ပြည်မကြီးတွင်ရှိသည့်ဂျီမိသားစုသည်အားလုံးထဲတွင်အကျော်ကြားဆုံးဖြစ်လာခဲ့သည်။

နတ်ဆိုးသားရဲများ၏ကျင့်ကြံမှုသည်လူသားများ၏ကျင့်ကြံမှုနှင့်မတူညီကြပေ။ ထို့ကြောင့်ကျင့်ကြံသူအများစုမှာသူတို့၏ နတ်ဆိုးသားရဲများအားနတ်ဆိုးကျင့်ကြံသူများနှင့်ကျွမ်းကျင်သားရဲထိန်းများရှိသောနတ်ဆိုးသားရဲအဖွဲ့အစည်းသို့ပို့ချင်ကြသည်။

ချင်မြို့တော်မှာရှိသည့်နတ်ဆိုးသားရဲအဖွဲ့အစည်းမှာတော့ဆရာနှစ်ဦးသာရှိသည် - တစ်ဦးမှာလူသားသားရဲထိန်းဖြစ်ပြီးနောက်တစ်ဦးမှာတော့ဉာဏ်ပညာအဆင့်သို့ရောက်နေပြီဖြစ်သောအရှေ့ဝင်ရိုးစွန်းရွှေရောင်မျက်လုံးကျားသစ်ဖြစ်သည်။

ယခုအချိန်မှာတော့အရှေ့ဝင်ရိုးစွန်းရွှေရောင်မျက်လုံးကျားသစ်ကနတ်ဆိုးသားရဲများအားလေ့ကျင့်သင်ကြားစေရန်ပို့ပေးသောအမျိုးမျိုးသောကျင့်ကြံသူများနှင့်အဆက်အသွယ်လုပ်လေ့ရှိသည်။

အသက်၇နှစ်၈နှစ်ခန့်လောက်ရှိမည့်အနည်းငယ်ဝနေသောဖက်တီးလေးသည်ရွှေရောင်အဆင်းရှိသောဝတ်စုံအားတောက်ပစွာဝတ်ဆင်ထားသည်။သူ့နောက်မှာတော့ခက်ခဲသည့်ခန္တာအဆင့်ကျင့်ကြံသူတစ်ယောက်ကလိုက်ပါလာ၏။သူ့လက်ထဲမှာတော့သံကြိုးတစ်ချောင်းကိုင်ထားပြီးထိုသံကြိုး၏အဖျားမှာတော့တောက်ပမှုကင်းမဲ့သည့်အမွှေးများပိုင်ဆိုင်ထားသောကြောင်နတ်ဆိုးသားရဲကလေးလေးတစ်ကောင်အားတွဲချည်ထားသည်။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now