Chapter(93) - ထိတ်လန့်နေသောမျက်နှာ

7.8K 1.3K 45
                                    

Unicode

အခန်း(၉၃) - ထိတ်လန့်နေသောမျက်နှာ

ယန်ထျန်းဟန်ကတစ်ခြားမေးခွန်းတစ်ခုနှင့်ပြန်ဖြေလိုက်လေသည်

"ဘာလဲမင်းတို့ငါ့ကိုရိုက်ရင်ငတုံးမဟုတ်တော့ဘူးဖြစ်သွားမှာမို့လို့လား? ဒါမှမဟုတ်ငါကမင်းရဲ့အရမ်းမိုက်မဲမှုကိုဖော်ထုတ်လိုက်မိလို့နှုတ်ပိတ်ခြင်နေတာလား?"

"နင်!!"

လင်ရဲ့အာကချက်ချင်းပင်ဓားကိုဆွဲထုတ်ရန်လုပ်လိုက်သော်လည်းဘယ်လိုပဲကြိုးစားနေပါစေသူမဓားကဓားအိမ်ကထွက်ရန်ငြင်းဆန်နေသည်ကိုနားလည်လိုက်လေ၏။တစ်ခြားသူ၏အမြင်မှာတော့လင်ရဲ့အာဟာသူမရဲ့လက်ကောက်ဝတ်ကိုဖိထားပြီးဓားကိုတောင်မမနိုင်သကဲ့သို့ဖြစ်နေသည်။

လင်ရဲ့အာသည်တစ်ချိန်လုံးတိတ်တဆိတ်နှင့်နေနေသောလင်ရွှမ်းဇီအားအံ့သြတုန်လှုပ်စွာဖြင့်ကြောက်လန့်တကြားကြည့်လိုက်မိတော့လေသည်။

လင်ရွှမ်းဇီ၏လက်ထဲမှာတော့လက်အပြည့်ထိပ်တန်းအဆင့်ကျောက်တုန်းတုများရှိနေပြီးကျောက်တုန်းတုတိုင်းကဝိညာဉ်ချီများအားထုတ်လွှတ်နေသောကြောင့်ကြည့်ရသည်မှာထောင်ချီသောပိုးချည်မျှင်များကသူမ၏ဓားအိမ်အားရစ်ပတ်ထားနေသည်နှင့်ပင်တူနေသေးတော့သည်။

လင်ရဲ့အာသည်ထိုကျောက်တုန်းတုများကြောင့်တုန်ခါမှုအားခံစားနေရပြီးအခြေတည်အဆင့်လက်မှုပညာရှင်တစ်ယောက်၏ဝိညာဉ်အားကိုပါအမှန်တကယ်ခံစားလို့ရနေ၏။

သိရမည်မှာလက်မှုပညာရှင်များကမည်သည့်အခြေခံတိုက်ခိုက်ရေးနည်းလမ်းများကိုမှမလေ့ကျင့်နိုင်သော်လည်းသူတို့၏ဝိညာဉ်စွမ်းအင်ကိုတော့မွေးမြူနိုင်ကြသည်။

သူတို့စိတ်ဝိညာဉ်၏စွမ်းအားပိုမိုအားကောင်းလေလေ၎င်း၏အဆင့်အောက်တွင်ရှိသောမှော်ရတနာများကိုနှိမ်နင်းရန် ပို၍ အသုံးပြုနိုင်လေဖြစ်သည်။ကျင့်ကြံသူတိုင်းသည်မှော်ကိရိယာမပါဘဲဘာမှလုပ်ဆောင်၍မရသောကြောင့်ထိပ်တန်းလက်မှုပညာရှင်များမှာအလွန်ကိုစွမ်းအင်ကြီးကြ၏ : သို့သော်အကယ်၍သူတို့သာလက်မှုပညာရှင်အားဆန့်ကျင်လိုက်မိပါကသူတို့အတွက်ကမှော်ကိရိယာများ၏အကူအညီအားဆုံးရှုံးသွားခြင်းပင်ဖြစ်သည်။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now