Chapter(96) - ရွှမ်းဇီ၏တံခါးပိတ်ကျင့်ကြံခြင်း

7.5K 1.2K 38
                                    

Unicode

အခန်း(၉၆)
ရွှမ်းဇီ၏တံခါးပိတ်ကျင့်ကြံခြင်း

"ဘယ်သူဝယ်လိုက်တာလဲ?" လင်ရွှမ်းဇီကစိတ်ဝင်တစားမေးလိုက်သည်။

"ငါလည်းမသိဘူးလေ..." သွမ့်ယွီယန်ကပုခုံးကိုတွန့်၍လက်ကိုခါယမ်းပြလိုက်ကာဆက်ပြောလိုက်၏။

"ငါကအခန်း(၁)မှာထိုင်နေတာဝယ်သူကအခန်း(၇)မှာထိုင်တယ်အဲ့ဒါကြောင့်လေလံပွဲထဲမှာတုန်းကငါသူ့ကိုမမြင်ရဘူးလေပွဲပြီးသွားတော့သူ့ကိုသွားရှာခြင်ခဲ့တာဒါပေမဲ့မမျှော်လင့်ပဲသူကခေါင်းအစခြေအဆုံးအနက်ရောင်ကုဒ်အကျီၤကြီးနဲ့ဖုန်းကွယ်ထားလေရဲ့သူထွက်သွားပြီးထောင့်အနည်းငယ်ကိုလည်းကွေ့ဝင်သွားပြီးရောဘယ်ရောက်သွားမှန်းမသိတော့ဘူး..."

လင်ရွှမ်းဇီကအနည်းငယ်စဉ်းစားလိုက်ကာ

"မေ့လိုက်တော့....ဒီကမ္ဘာမှာသူတို့ကိုသူတို့ထုတ်မပြခြင်တဲ့အစွမ်းကြီးတဲ့သူတွေအများကြီးရှိတယ်အဲ့တော့ငါတို့လည်းထပ်ပြီးတူးဆွနေစရာအကြောင်းမရှိဘူး"

သွမ့်ယွီယန်လည်းခေါင်းညိမ့်ပြလိုက်သည်။

"အမှန်ပဲ..ပြီးတော့လည်းငါတို့ကကိုယ့်ပိုက်ဆံကိုယ်လည်းရပြီးနေပြီဆိုတော့ဂုဏ်သရေရှိတဲ့ငါကဘယ်သူ့ကိုရောင်းလိုက်လဲဆိုတာကိုသိပ်စိတ်အနှောင့်အယှက်အဖြစ်မခံတော့ဘူး"

သူကသူ့ရဲ့အမြတ်အစွန်းရအောင်လုပ်သည့်သဘောသဘာဝအားလုံးဝကိုမဖုန်းကွယ်ထားပေ။

သွမ့်ယွီယန်ကလက်ထဲမှရွှေလက်မှတ်အားလင်ရွှမ်းဇီကိုပေးလိုက်သည်။

"ဒါစုစုပေါင်းရွှေစ 45,000 ရှိတယ်ကြမ္မာစာလုံးလေလံအိမ်က6%ယူတော့အဲ့ဒီထဲက ရွှေစ 2,700ယူထားလိုက်တယ်ကျန်တာမင်းဟာပဲ"

ရွှေစ 2,700 --- ထိုပမာဏသည်အတိတ်တုန်းကလင်ရွှမ်းဇီ၏တစ်နှစ်စာအသုံးစရိတ်နှင့်ညီမျှသည်။သို့သော်ထိုလေလံအိမ်အတွက်ကတော့သိပ်များသောပမာဏမဟုတ်ပေ။

လင်ရွှမ်းဇီကသူ့မျက်ခုံးများအားမြှင့်လိုက်ကာပြုံးလိုက်သလေ၏။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now