Chapter(131)- ကျားဟိန်းသံကသစ်တောကိုဖြတ်ပြီး ကြားရတယ်

6K 1.1K 65
                                    

Unicode

အခန်း(၁၃၁)
ကျားဟိန်းသံကသစ်တောကိုဖြတ်ပြီး ကြားရတယ်

လင်းချီဂု၏ခြေလက်အင်္ဂါလေးခုစလုံးက ကျောက်တုန်းများကဲ့သို့တောင့်တင်း နေပုံရပြီးသူကလက်နှစ်ဖက် ခြေနှစ်ဖက်စလုံးအားအသုံးပြု၍ ရေချိုးကန်ထဲမှထွက်လာသည့်အခါ အတော်လေးကိုကြည့်ရတာ အဆင်မပြေဖြစ်ရသည်။ ထိုသို့ဖြစ်နေရင်းဖြင့်ဟန်ချက်ကိုပင် တစ်ချက်လွှတ်သွားပြီးတစ်ခါ ချော်ကျမလိုဖြစ်သွားသောကြောင့် လင်ရွှမ်းဇီကမလွယ်ကူစွာဖြင့် ဖမ်းထိန်းပေးလိုက်ရ၏။ လင်းချီဂုကသူ့ရဲ့ခေါင်းကို တိတ်တဆိတ်မော့လိုက်ပြီး လင်ရွှမ်းဇီ၏မျက်လုံးများနှင့် သူ့ရဲ့အသက်မဲ့နေသည့်မျက်လုံးများ တွေ့ဆုံသွားတော့သည်။

လင်ရွှမ်းဇီ၏မျက်ဝန်းများက အလွန်ကိုပေ့ါပါးနေပြီးဘယ်လောက် နက်ရှိုင်းလဲဆိုတာကိုပြောရန်ပင် မတတ်နိုင်လောက်အောင်ဖြစ်ရသည်။

ယန်ထျန်းဟန်ကအကြိမ်အနည်းငယ်မျှ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီးလင်းချီဂု၏အချိုးကျညီညွှတ်လှသည့် ုကြွက်သားနှင့်ကြံ့ခိုင်သောခန္တာကိုယ်ကို ကြည့်ပြီးမနာလိုဖြစ်စွာပြောလိုက်လေသည်။

"ကျွန်တော်ဘယ်တော့များအဲ့ဒီလိုအံ့အားသင့်စရာကောင်းတဲ့ပုံမျိုးရနိုင်မလဲဆိုတာသိခြင်မိတယ်"

လင်ရွှမ်းဇီ၏အကြည့်တစ်ချက်ကသူ့ဆီသို့ရောက်လာတော့သည်။

"သူ့ကိုအဝတ်အစားတစ်ချို့ဝတ်ပေးဖို့အချိန်ကျပြီ"

သို့သော်ယန်ထျန်းဟန်ကလင်းချီဂုကို သူ့ရဲ့ကြယ်ပွင့်လေးများလိုမျက်လုံးဖြင့် ဆက်၍စိုက်ကြည့်နေဆဲဖြစ်ပြီးလျှာကိုပင် သတ်လိုက်သေးသည်။

"သူ့ရဲ့တည်ဆောက်ပုံကတကယ့်တကယ် ကိုကောင်းတာပဲ....အာ..."

လင်ရွှမ်းဇီ : : ".........."

အခုနည်းနည်းတော့မခံစားနိင်တော့ဘူး

လင်ရွှမ်းဇီကအနည်းငယ်စဉ်းစားလိုက်ကာ

"အမှန်အတိုင်းပြောရရင်... မင်းရဲ့အကိုကြီးလည်းတည်ဆောက်ပုံ တော်တော်ကောင်းပါတယ်"

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now