အခန်း ၁

17.9K 1.5K 58
                                    

Raising you this small stuff

Unicode

အခန်း ၁ - ကျွန်တော်ကနည်းနည်းလေးပဲ စားတာပါ မဖယ်ရှားလိုက်ပါနဲ့ ရမလားဟင်။

ယွမ်းစွော်က ကြယ်တာရာကာလရဲ့ ကိုးခုမြောက်ခရိုင်က အသေးငယ်ဆုံး မင်းသားလေးဖြစ်သည်။ ပျမ်းမျှIQ၂၀၀ရှိတဲ့ကြယ်တာရာကာလတွင် သူ့ကို ကလေးဘဝကတည်းက  IQနိမ့်တဲ့ငတုံးလို့ သတ်မှတ်ခံခဲ့ရသည်။ ကံကောင်းစွာဖြင့် သူ့မှာ အစ်ကိုငါးယောက်ရှိပြီး ထီးနန်းကို ဆက်ခံရန် ရာဇပုလ္လင်ကို စောင့်ဆိုင်းနေစရာလည်းမလိုတာကြောင့် သူ့ရဲ့IQက အလွန်အရေးကြီးပုံ မပေါ်ပေ။ တစ်နည်းအားဖြင့် သူ့မှာ ထီးနန်းအတွက် တိုက်ခိုက်ရန် စွမ်းအင်ရော ခွန်အားပါမရှိတဲ့ ရလဒ်ကြောင့် အိမ်ရှေ့စံမင်းသားရဲ့ ရက်စက်တဲ့တိုက်ပွဲတွေကြားတွင် အသက်ရှင်ကျန်နေခဲ့သည်။ 

သို့သော် အချိန်ကောင်းတွေက သိပ်မကြာလိုက်ပေ။ လေးကြိမ်မြောက် ကြယ်တာရာစစ်ပွဲတွင် ကြယ်တာရာကာလ၏ ကိုးခုမြောက်ခရိုင်က ကျရှုံးခဲ့ပြီး ကျန်ရှိနေသေးတဲ့ယွမ်းစွော်ရဲ့ အစ်ကိုနှစ်ယောက်က တိုက်ပွဲတွင် သေဆုံးသွားကြသည်။ သူက တိုင်းပြည်ရဲ့ မျှော်လင့်ချက်ဖြစ်လာခဲ့သည်။ သို့သော် သူက မွေးရာပါတုံးအတာကြောင့် ပြုံးနေတဲ့ သူ့မိထွေးယူလာတဲ့စားစရာမှာ အဆိပ်ပါနေမယ်လို့ မထင်ထားပေ။ 

ကြယ်တာရာကာလရဲ့ကိုးခုမြောက်ခရိုင်က မိုက်မဲတဲ့မင်းသားလေးယွမ်းစွော်က သူ့ခန္ဓာကိုယ်ကို ဘယ်မှာမြှုပ်နှံထားမှန်း ဘယ်သူမှတောင်မသိကြပဲ သေဆုံးသွားခဲ့သည်။ 

ရှည်လျားတဲ့အမှောင်ထုထဲတွင် ယွမ်းစွော်ရဲ့ သိမြင်နားလည်မှုအများစုက ပျောက်ဆုံးသွားခဲ့သည်။ 

လေတိုးသံအပြင် ရေစီးသံလေးပါရှိနေသည်။

သူ့မျက်လုံးတွေကို ထပ်ဖွင့်လိုက်တော့ သူက အခန်းငယ်လေးထဲမှာ မတ်မတ်ထိုင်နေတာကို တွေ့လိုက်သည်။ 

တစ်ဒါဇင်စတုရန်းမီတာလောက်သာကျယ်ကာ တံခါးဘေးတွင် တစ်ယောက်အိပ်ကုတင်လေးရှိပြီး အလွန်ရိုးရှင်းသည်။ မျက်နှာကျက်ပြတင်းပေါက်မှ ကြမ်းပြင်ပေါ်သို့ နွေးထွေးတဲ့နေရောင်လေး ကျနေပေမယ့် မှန်တွေက နှင်းအလွှာတွေ ရှိနေပုံရကာ အပြင်ဘက်သို့ ရှင်းရှင်းလင်းလင်းမမြင်ရပေ။ ကြမ်းပြင်ပေါ်တွင် တစ်မီတာလောက် ထူတဲ့ကော်ဇောခင်းထားကာ သူက နို့နှစ်ရောင်ကော်ဇောပေါ်တွင် ထိုင်နေခဲ့သည်။

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now