အခန်း ၂၉

5.6K 1K 1
                                    

Raising You This Small Stuff

Unicode

အခန်း ၂၉: မိုရိချန်ရဲ့စုံစမ်းစစ်ဆေးမှု

ခန့်မင်က လုံပေါ်ရဲ့လက်မှတ်ရေးထိုးခြင်း ပလပ်ဖောင်းတာဝန်ခံကို ဆက်သွယ်ပြီး ဆက်သွယ်ရေးမျိုးစုံမှတဆင့် ပဏာမ အချက်အလက်များ ရယူခဲ့ပြီးတဲ့အခါ မနက်၁၂ နာရီနီးပါး ရှိနေခဲ့ပြီ။ အကောင့်တစ်ခုကိုမှတ်ပုံတင်ဖို့ လုံပေါ် လိုအပ်တဲ့အရာတွေအားလုံးနှင့် စာချုပ်ချုပ်ဆိုရာတွင် လိုအပ်တဲ့အချက်အလက်အချို့လည်း ကိုက်ညီနေပြီဖြစ်သည်။ အချက်အလက်တွေရဲ့ စစ်မှန်မှုနဲ့ ပတ်သက်ပြီး မနက်ဖြန်အထိ စောင့်ရမယ့် အခြေအနေတွေလည်း ရှိသေးသည်။

မိုရိချန်က အချက်အလက်တွေကို ပေးပို့လာတဲ့အချိန်ထိအောင် စောင့်ဆိုင်းခဲ့ပြီး အသေးစိတ်ဖတ်ရှုကာ အိပ်ရာမဝင်မီတွင် နောက်တစ်နေ့အတွက် လိုအပ်တာတွေကို စီစဉ်ပေးခဲ့သည်။

သူကကုတင်ပေါ်တွင် လဲလျောင်းနေရင်း အနည်းငယ် စိတ်မသက်မသာခံစားနေရပြီး ဂိမ်းကို ဖွင့်လိုက်သည်။ စိတ်ငြိမ်သွားပြီးတဲ့နောက် သူက ဒီနေ့အသေးလေးအပေါ်မှာ အနည်းငယ် ပြင်းထန်လွန်းသွားမိတယ်လို့ ခံစားလာရသည်။ ပြီးတော့ အသေးလေးရဲ့ စိတ်အခြေအနေကလည်း သိပ်ပြီး ကောင်းမလာပေ။ ကောင်းသောညပါဟု ပြောလာပြီးနောက် သူ့အသံက မှိုင်တွေနေပြီး ဒါက သူအိပ်ရာမဝင်ခင် အသေးလေးအတွက် [စောင်အစွန်းများကို ဖိပေးသည်]ကို တစ်လအတွင်း ပထမဆုံးအကြိမ် မလုပ်ပေးခဲ့မိခြင်းဖြစ်သည်။

သူက လျှို့ဝှက်ကစားသမားမုဒ်ကို အသုံးပြုကာ ဂိမ်းထဲသို့ ဝင်ရောက်ခဲ့သည်။ ယွမ်းစွော်ရဲ့ အခန်းထဲတွင် ညလင်းမီးအိမ်လေးတစ်ခု လင်းနေပြီး အသေးလေးက ကုတင်ပေါ်မှာ လှဲလျောင်းနေပြီး အသက်ရှူမဝပဲ အိပ်ပျော်နေပုံရသည်။ အနည်းငယ် စိတ်သက်သာရာရကာ [စောင်အစွန်းတွေကို ဖိပေးသည်] ကိုနှိပ်ပြီး [အိပ်ဖို့ ပုတ်ပေးသည် ] ကိုနှိပ်လိုက်သည်။ မျက်မှောင်ကြုတ်နေတဲ့ မျက်ခုံးလေးတွေ ပြေလျော့သွားတာကို မြင်လိုက်ရတော့ သူ စိတ်သက်သာရာ ရသွားကာ ဂိမ်းမှထွက်ပြီး အနားယူရန် မီးပိတ်လိုက်သည်။

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now