အခန်း ၂၆

5.7K 1K 10
                                    

Raising You This Small Stuff

Unicode

အခန်း ၂၆:  ဒူဒူ မငိုချင်ဘူး

နောက်တစ်နေ့။

ကောင်းကင်ကြီးက ပိုမှောင်လာသည်။

ချန်ကျောင်က ကားကို ရပ်လိုက်သည်။

"အစ်ကိုမို ကျွန်တော်တို့ ရောက်ပြီ" မိုရိချန်က မနေ့ညက မေမေမိုဆီမှ ရခဲ့တဲ့ အချက်အလက်တွေကို ချန်ကျောင်အား ပေးခဲ့သည်။ ချန်ကျောင်က စီစဉ်ထားတဲ့ အချိန်ဇယားကို ကြည့်ကာ သတ်မှတ်ထားတဲ့ နေရာသို့ ငါးမိနစ်ကြိုတင် ပို့ပေးခဲ့သည်။

မိုရိချန်က ခေါင်းညိတ်ပြလိုက်သည်။ "မင်းလည်း ပင်ပန်းနေတာဆိုတော့ ဒီနေ့ အနားယူလိုက်တော့။ ရှောင်လုကိုသာ ငါ့ကို လာခေါ်ဖို့ ပြောလိုက်"

ချန်ကျောင် : "ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ် အစ်ကိုမို"

လင်းမန်ရွှယ်က စားသောက်ဆိုင်တွင် စောင့်နေပြီးပြီဖြစ်သည်။ သူတို့နှစ်ယောက်က ပြတင်းပေါက်နှင့် ဝေးကွာပြီး တိတ်ဆိတ်ငြိမ်သက်တဲ့ ထောင့်တစ်နေရာတွင် နေရာယူထားသည်။

တကယ်တော့ ဒီ'blind date' အသွင်ပြောင်းထားတာကို ငြင်းပယ်ချင်တာက လွဲရင် နိုင်ငံခြားကနေ အိမ်ကိုပြန်လာတဲ့ ဒီMissလင်းအပေါ် မိုရိချန်ရဲ့အမြင်က မဆိုးပေ။ သူတို့ရဲ့စကားပြောဆိုမှုတွေက ပြေပြစ်ပြီး ရက်ရောပေမယ့် သူ့နှလုံးသားထဲက ကြိုးကိုတော့ မထိနိုင်ပေ။ တစ်နည်းအားဖြင့် ချစ်သူတွေမဟုတ်ပဲ သူငယ်ချင်းဖြစ်ရန်သာ အဆင်ပြေသည်။

လင်းမန်ရွှယ်ရဲ့ဒီနေ့ဝတ်စားဆင်ယင်မှုက သူမကို ချိုမြိန်ပြီး ကျော့ရှင်းနေစေသည်။ သူမရဲ့ကော်ဖီရောင်ဆံပင်ရှည်တွေကို ဂရုတစိုက်ပုံစံသွင်းထားပြီး ပင်လယ်ရေမှော်များကဲ့သို့ နောက်တွင်ကျနေကာ ဒူးလောက်သာရှည်တဲ့  ပုခုံးတစ်ဖက်ဖော်ထားတဲ့ ဝတ်စုံက အရမ်းကြီးဖော်ပြနေတာ မဟုတ်ပဲ ခန္ဓာကိုယ်ပေါ်ရှိ ကောက်ကြောင်းများကို အပြည့်အ၀ပြသထားသည်။ လက်လုပ် စိတ်ကြိုက်ဒေါက်မြင့်ဖိနပ်တစ်စုံကို စီးထားပြီး သူမရဲ့သွယ်လျတဲ့ခြေသလုံးတွေကို ထုတ်ပြနေသည်။

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now