အခန်း ၂၇

6.8K 1.1K 55
                                    

Raising You This Small Stuff

Unicode

အခန်း ၂၇: ဒူဒူ့ရဲ့အချိန်ပိုင်းအလုပ်

အခုတော့ တိုက်ခန်းသို့ ရောက်ရှိလာခဲ့ပြီး ယွမ်းစွော်က စက္ကန့်အနည်းငယ်လောက် တုံ့ဆိုင်းနေခဲ့သည်။

သို့သော်... သူ ဝမ်းနည်းနေပေမယ့် မိုရိချန်ကို တွေ့ချင်သေးတာကြောင့် ခြေတိုတိုလေးတွေဖြင့် တံခါးဆီကို ပြေးဝင်ပြီး e-magazineကို လှန်ကြည့်ရင်း သူ့ကိုစောင့်နေတဲ့ မိုရိချန်ကို မြင်တော့ သူက အားစိုက်ထုတ်ရင်း ပါးစပ်ကျယ်ကျယ်ဖွင့်ကာ  အပြုံးအကြီးကြီးကို ထုတ်ပြလိုက်သည်။

"မိုရိချန် ကျွန်တော်ပြန်လာပြီ"

"အင်း" 

မိုရိချန်က ဒီနေ့ တစ်နေ့တာကို ဘယ်လိုကုန်ဆုံးခဲ့လဲလို့ မေးဖို့ သူ့ခေါင်းကို လှည့်လိုက်တော့ ယွမ်းစွော်ရဲ့မျက်နှာလေးကို မြင်လိုက်ရသည်။ သူ့မျက်နှာပေါ်အမူအရာက ချက်ချင်း လေးနက်သွားကာ ခန္ဓာကိုယ်ကလည်း ​မတ်သွားခဲ့သည်။

ယွမ်းစွော်က သူ့ကျောင်းလွယ်အိတ်ကြိုးလေးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး ဘာဖြစ်သွားမှန်းမသိ ဖြစ်နေကာ အနည်းငယ် ရှုပ်ထွေးနေခဲ့သည်။

မိုရိချန်က လေးနက်တဲ့အသံဖြင့် မေးလိုက်သည်။ 

"မင်းမျက်လုံးတွေ ဘာလို့နီရဲနေတာလဲ"

ယွမ်းစွော်က ဒီလိုမေးခံလိုက်ရတဲ့အခါ သူ့မျက်လုံးတွေက ပူလာပြီး ပိုနီရဲလာပေမယ့် ပထမအကြိမ်အဖြစ် မိုရိချန်ရဲ့ရှေ့မှာ သူ့ပါးစပ်ကို တင်းတင်းပိတ်ထားခဲ့သည်။ 

"မဟုတ်ဘူး…. ဘာမှမဟုတ်ပါဘူး"

"မင်းရဲ့မျက်လုံးတွေက ယုန်ရဲ့မျက်လုံးလိုတောင် နီရဲနေပေမယ့် မင်း​က ဘာမှမဖြစ်ဘူး ပြောနေသေးတယ်။ တကယ်ပဲ ဘာ​တွေဖြစ်​လာတာလဲ" မိုရိချန်က သူ့မျက်နှာမှာ မကောင်းတဲ့အမူအရာဖြင့် ထပ်မေးလိုက်သည်။

နှလုံးသားထဲတွင် လျှို့ဝှက်ချက်အနည်းငယ်ကို ဖုံးကွယ်ထားတဲ့ ယွမ်းစွော်က အနည်းငယ် တုန်လှုပ်သွားခဲ့ပေမယ့် မိုရိချန်မှာ ချစ်သူရှိနေတာကို မြင်လိုက်ရလို့ စိတ်မကောင်းဖြစ်မိတာကြောင့် ငိုမိသွားပါတယ်လို့တော့ မပြောရဲပေ.....

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now