အခန်း ၁၈

5.8K 1K 12
                                    

Raising You This Small Stuff

Unicode

အခန်း ၁၈ : Red wine & Steak

မန်နေဂျာက အနည်းငယ်အံ့သြသွားပေမယ့် သူမရဲ့ကျွမ်းကျင်ပိုင်နိုင်မှုက သူမကို မူလအခြေအနေသို့ ပြန်ရောက်သွားစေပြီး "ကောင်းပါပြီ Mrမို ကျေးဇူးပြုပြီးခဏစောင့်ပေးပါ"

ယွမ်းစွော်က ရုပ်ရှင်ကြည့်တဲ့အခါ မင်းသားက အနောက်တိုင်းစားသောက်ဆိုင်မှာ steakစားနေတာကို မြင်တိုင်း သူက တံတွေးမြိုချနေတတ်သည်။ပါးစပ်ထဲကို လက်ချောင်းတွေ ထိုးသွင်းနေတတ်တဲ့ နှစ်ကြိမ်တောင် ရှိခဲ့ပြီး မိုရိချန်က မေးတဲ့အခါ သူက ဝန်မခံပဲ မသဲမကွဲပြောခဲ့သည်။

ထို့ကြောင့်မိုရိချန်က သူ့အတွက် လုပ်ပေးချင်ခဲ့ပေမယ့် စတိုးမှာ ရောင်းတာတွေက သန့်ရှင်းသပ်ရပ်မှုမရှိမှာ စိုးတာကြောင့် မလုပ်ပေးဖြစ်ခဲ့ပေ။ သို့သော် အခုကတော့ ဓာတ်ပုံရိုက်ပြီး လွှဲပြောင်းပေးလို့ရနေပြီ ဖြစ်တာကြောင့် ဖြစ်နိုင်သမျှမြန်မြန် အကောင်ပေါက်လေးကို အကောင်းဆုံးစစ်မှန်တဲ့ steakရဲ့အရသာကို ပေးချင်ခဲ့သည်။

မိုရိချန်က စားသောက်ဆိုင်ကို အနည်းငယ် စောရောက်လာခဲ့ပြီး ကျောင်းကားက ကျောင်းမှပင် ထွက်မလာသေးပေ။ 

သူsteakစားနေတာကိုမြင်လျှင် ယွမ်းစွော်ရဲ့ တုံ့ပြန်ချက်က ဘယ်လိုနေမလဲလို့တွေးကာ သူချက်ပေးတာလောက် မကောင်းဘူးလို့ ပြောနေလောက်သည်။ ရုပ်ရှင်ဧကရာဇ်ရဲ့ အတွင်းစိတ်ထဲတွင် အနည်းငယ် အတ္တဝါဒလေး ရှိနေပေမယ့် သူ့လက်ရာတွေက တကယ်ကောင်းသလားလို့ အတည်ပြုချင်မိသေးသညိ။ အနီးအနားတွင် ဘယ်သူမှမရှိကာ ယွမ်းစွော်ရဲ့တိုက်ခန်းကလည်း  အခုချိန်မှာ လစ်လပ်နေသည်။

မိုရိချန်က မျက်ခုံးပင့်ကာ ချက်ပြုတ်ခြင်း အတန်းကို နှိပ်လိုက်သည်။

သူက လုပ်နေကျအဆင့်တွေကို ကျွမ်းကျင်စွာ လိုက်နာကာ ယွမ်းစွော်အများကြီးကြိုက်တဲ့ ပေါ့ပါးပြီးကျန်းမာရေးနဲ့ညီညွတ်ကာ အာဟာရရှိတဲ့ ပုစွန်ကြော်ကို ပြုလုပ်လိုက်သည်။ 

ပါဝင်ပစ္စည်းတွေက စူပါမားကတ်မှာ ဝယ်ယူခဲ့တဲ့ အရည်အသွေးမြင့်ထုတ်ကုန်တွေဖြစ်ပြီး လုပ်ပုံလုပ်နည်းတွေကို နာမည်ကျော်စားဖိုမှူးတွေက သင်ကြားထားသည်။

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now