အခန်း ၂၂

5.8K 1K 6
                                    

Raising You This Small Stuff

Unicode

အခန်း ၂၂ : ဒူဒူက ဉာဏ်အရမ်းထက်တယ်

မိုရိချန်က ဓာတ်ပုံတွေကို နည်းနည်းစီ ထပ်ကြည့်ရင်း မနှောက်ယှက်ချင်တဲ့ပုံဖြင့် အေးအေးဆေးဆေး လွတ်လွတ်လပ်လပ်  ပြောလိုက်သည်။ "ညှိနှိုင်းမှုလုပ်မယ်ဆိုကတည်းက နှစ်ဖက်စလုံးက သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို တင်ပြပြီး နှစ်ဖက်စလုံးက လက်ခံနိုင်လောက်တဲ့ ရလဒ်ကို ထွက်ပေါ်လာအောင် လုပ်ကြရမယ်"

ထိုသို့ပြောလိုက်ပြီးနောက်  ယွမ်းစွော်ရဲ့မျက်လုံးတွေက ခံယူချက်အပြည့်ဖြင့် ပြူးကျယ်နေတာကို တွေ့လိုက်ရသည်။

မိုရိချန်က အရမ်းကျွမ်းကျင်လွန်းတယ်! သူက ခေါင်းခါလိုက်ပြီး  မိုရိချန်က အခု သူရဲ့ရန်ဘက်ဖြစ်နေပြီဆိုတော့ သူ စိတ်အေးအေးထားရမယ်! မိုရိချန်ကို ညှိနှိုင်းရမယ့် ပြိုင်ဘက်၊ ရန်သူအဖြစ် ကြည့်မြင်ရန် သူ့ကိုယ်သူ တွန်းအားပေးလိုက်သည် ။

"အင်း"  ယွမ်းစွော်က သဘောတူလိုက်သည်။

မိုရိချန်က ယွမ်းစွော်ရဲ့ လေးနက်သောအမူအရာကို ကြည့်ပြီး မထိန်းနိုင်တော့ပဲ ရယ်ချင်နေတော့သည်။ နောက်ဆုံးတွင် လိမ္မာပါးနပ်တဲ့ မျက်နှာပေါ်တွင် ပိုပြီးထင်ရှားတဲ့ အမူအရာလေးကို သူမြင်နေရပုံပေါ်သည်။

"ဒါဆို စလိုက်ကြရအောင်" 

မိုရိချန်က ညှိနှိုင်းရေး စားပွဲဝိုင်းတွင် အသုံးပြုလေ့ရှိတဲ့ ပုံစံကို သုံးကာ သူ့ရဲ့ကိုယ်ရောင်ကိုယ်ဝါကလည်း လုံးဝအေးစက်လာခဲ့သည်။

ယွမ်းစွော်က ခဏလောက်စဉ်းစားပြီးနောက် ဘေးနားသို့သွားကာ ပန်းချီဆွဲဖို့သုံးတဲ့ ထိုင်ခုံလေးကိုယူပြီး လေးနက်မှုများပြည့်ကာ တင်းမာနေတဲ့ မျက်နှာလေးဖြင့် ထိုင်လိုက်သည်။ တကယ်လို့ သူသာ ယုန်ညအိပ်ဝတ်စုံ ဝတ်ထားတာမဟုတ်ခဲ့ရင် သူက တကယ့်ကို ညှိနှိုင်းရေးစားပွဲဝိုင်းများတွင် သုံးလေ့ရှိတဲ့ စရိုက်ပုံစံမျိုးဖြစ်သည်။

လေထုက စက္ကန့်အနည်းငယ်လောက် အေးခဲသွားခဲ့သည်။

ယွမ်းစွော်က နောက်ဆုံးတွင် မနေနိုင်တော့ဘဲ လူကြီးဆန်တဲ့ပုံပေါ်လာစေရန် သူ့အသံကို တမင်နှိမ့်ချကာ မဝံ့မရဲပြောလိုက်သည်။ "ကျွန်တော်... ကျွန်တော့်အမြင်ကတော့ ဓာတ်ပုံတွေကို မဖျက်ဖို့ပါပဲ "

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now