အခန်း ၇၃

3.6K 677 8
                                    

Raiding You This Small Stuff

Unicode

အခန်း ၇၃: မိုရိချန်က တစ်ယောက်ယောက်ကို စားချင်နေတယ်!

ယွမ်းစွော်က ဖုန်းနှင့်အတူ ထွက်လာခဲ့သည်။

တံခါးကို တွန်းဖွင့်လိုက်သည်နှင့် အန်ဒရူးက အမြန်ထလာသည်။ သို့သော် သူက ဖုန်းကို မကြည့်ရဲဘဲ အဖြေအတွက် ယွမ်းစွော်ရဲ့ မျက်နှာကို စိတ်လှုပ်ရှားစွာ ကြည့်နေခဲ့သည်။

ယွမ်းစွော်က အနည်းငယ် ပြုံးလိုက်ပြီး "ဆဲလ်ပြန်လည်ဖွဲ့စည်းမှုက အောင်မြင်ပါတယ်။ အေဘယ်လ် အဆင်ပြေသွားပြီ ဂုဏ်ယူပါတယ်"

အန်ဒရူးရဲ့မျက်လုံးတွေက နီရဲလာပြီး သက်ပြင်းရှည်ကြီးချကာ တုန်တုန်ယင်ယင်ဖြင့် ဖုန်းကို ယူလိုက်သည်။ ဂိမ်းထဲမှာ နိုးနေတဲ့ အေဘယ်လ်ကို မြင်တော့ တဆတ်ဆတ်တုန်ကာ အော်ခေါ်လိုက်သည်။ ထို့နောက် ယွမ်းစွော်နှင့် မိုရိချန်ဘက်သို့ လှည့်ကာ လေးလေးနက်နက် ဦးညွှတ်လိုက်သည်။ "မင်း အနာဂတ်မှာ တစ်ခုခု လိုအပ်ခဲ့ရင် ငါ အကောင်းဆုံး လုပ်ပေးပါ့မယ်"

ယွမ်းစွော်က ပြန်ဖြေလိုက်သည်။ 

"ဒါတွေ ပြောစရာမလိုပါဘူး"

ထို့နောက် အန်ဒရူးက အေဘယ်လ်နှင့် စကားပြောဖို့ ထွက်သွားခဲ့သည်။

မိုရိချန်က ယွမ်းစွော်ရဲ့ ဖြူဖျော့နေတဲ့မျက်နှာကို စိတ်ထိခိုက်စွာ ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းတွေက နဂိုက ဖြူဖျော့နေပေမယ့် အခု ပိုလို့တောင် ဆိုးနေခဲ့သည်။

မျက်ခုံးမွှေးပေါ်ရှိ ချွေးစက်တွေကို သူ့လက်ဖြင့် သုတ်ပေးလိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။ 

"မင်းပင်ပန်းနေပြီ။ တစ်ယောက်ယောက်ကို တစ်ခုခုပြင်ခိုင်းထားပြီးပြီ။နောက်မှ အများကြီးစားကြရအောင်"

"ဟမ် အဆင်ပြေပါတယ်" 

ယွမ်းစွော်က အေဘယ်လ်ကို ကုသရန် အလွန်စိတ်အားထက်သန်နေတာကြောင့် နံနက်ခင်းတွင် အစားအများကြီးမစားရသေးဘဲ နာရီအနည်းငယ်ကြာ လှုပ်ရှားမှုတွေ လုပ်ပြီးနောက် အခုတော့ စိတ်သက်သာရာရသွားကာ သူတကယ်ဗိုက်ဆာနေပြီဖြစ်သည်။

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now