အခန်း ၆၈

3.9K 770 10
                                    

Raising You This Small Stuff

Unicode

အခန်း ၆၈:တတိယညီက ခွေးစာစားနေရတာ မရပ်နိုင်တော့ဘူး!

မိုရိရှုက ခွေးစာတွေပြည့်နေတာကြောင့် သူ့အခန်းထဲကို ပြန်ဝင်လာတဲ့အခါ လူးလှိမ့်နေပြီး အိပ်မပျော်နိုင်တာကြောင့် နိုင်ငံခြားမှာနေတဲ့ သူ့ကောင်မလေးဆီ စာတစ်စောင်ပို့လိုက်ကာ ခွေးစာလှိုင်းလုံးတွေပါတဲ့ screenshotပုံတစ်ပုံကို လူမှုအသိုင်းအဝိုင်းကို လက်စားချေရန် သူ့သူငယ်ချင်းအသိုင်းအဝိုင်းဆီကို ပို့ဖို့ ပြင်ဆင်လိုက်သည်။

မိုရိချန်ဘက်တွင်။

နောက်ဆုံးတော့ သူ့ညီကို မောင်းထုတ်လိုက်နိုင်ပြီး လွမ်းနေခဲ့ရတဲ့သူကို ခဏလောက် ပွေ့ဖက်ထားလိုက်ကာ နောက်ထပ် လှုပ်တော့မယ့်အချိန်မှာပဲ ယွမ်းစွော်ရဲ့ ဗိုက်က ရုတ်တရက် မြည်လာခဲ့သည်။

ယွမ်းစွော်က အနည်းငယ် ငိုချင်လာပြီး သူ့ခေါင်းကို လှည့်ကာ မျက်နှာတစ်ဝက်ကို စောင်ထဲတွင် မြှုပ်ထားရင်း သူ့မျက်နှာက နီသထက်နီလာခဲ့သည်။

"ဘယ်တုန်းက စားထားတာလဲ" 

မိုရိချန်က ဆယ်ကျော်သက်လေးကို လှည့်ကြည့်လိုက်သည်။

"မနက်က ထင်တာပဲ" 

မနက်ဆိုတာက ဒုတိယစမ်းသပ်မှုကမ္ဘာရဲ့ အချိန်ဖြစ်ပြီး လက်ရှိအချိန်ထက် ဆယ်နာရီကျော် ပိုသည်။

"ကျွန်တော် သေချာမသိတော့ဘူး" မိုရိချန်က အမြန်ထရပ်ကာ 

"ကိုယ် မီးဖိုချောင်ထဲ သွားပြီး မင်းအတွက် တစ်ခုခု လုပ်လိုက်မယ်" သူဒီလိုပြောနေချိန်မှာပဲ သူ့အင်္ကျီထောင့်ကို ဆွဲထားသလို ခံစားလိုက်ရသည်။

ယွမ်းစွော်က မိုရိချန် ပျောက်သွားတော့မှာကို စိုးသလို အနည်းငယ် ရှက်ရွံ့နေရင်း "နည်းနည်းလောက် စောင့်ပါဦး။ ဂိမ်း...ဂိမ်းက ခဏနေရင် ရတော့မှာပါ" ထိုသို့ပြောပြီး အဆင့်မြှင့်နေတာပြီးတော့မယ့် စားပွဲပေါ်က ဖုန်းကို ညွှန်ပြလိုက်သည်။

"ကောင်းပြီ" 

မိုရိချန်က ယွမ်းစွော်ရဲ့လက်ကို ပွတ်သပ်လိုက်ပြီး '၃နှစ်'တာ ခွဲခွာပြီးနောက်တွင် အသေးလေးက ကြီးပြင်းလာပုံရပေမယ့် အတွင်းပိုင်းတွင် နုနယ်ပြီး ပျော့ပျောင်းနေသေးကြောင်း ရုတ်တရက် နားလည်လိုက်သည်။ "စိတ်မပူပါနဲ့ ကိုယ်ဘယ်မှမသွားဘူးနော်။ ဒီမှာပဲ ဒူဒူနဲ့နေမယ်။ ဂိမ်းဖွင့်လို့ရတဲ့အခါ ကိုယ်တို့ အတူတူချက်ပြုတ်မယ်လေ"

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now