အခန်း ၁၄

5.9K 1.1K 18
                                    

Raising You This Small Stuff

Unicode

အခန်း ၁၄: စနစ်မှအသိပေးချက်: ဂိမ်းချို့ယွင်းချက်ရှိနေပေမယ့် အလိုအလျောက် ပြန်လည်ပြင်ဆင်ပြီးပါပြီ

ယွမ်းစွော်က စိတ်လှုပ်ရှားနေဖို့ အချိန်မရှိတာကြောင့် မီးဖိုခန်းထဲကို အမြန်လျှောက်သွားခဲ့သည်။ သူ့လက်က ဂတ်စ်မီးဖိုခလုတ်ကို မပိတ်ခင်မှာပဲ သူ့ကို ဆွဲယူနေတဲ့ ထူးခြားတဲ့အားတစ်ခုကို ခံစားလိုက်ရသည်။ နောက်ဆုံးအခိုက်အတန့်မှာပဲ သူက ရှေ့တိုးပြီး ခလုတ်ကို ပိတ်ချလိုက်သည်။ 

ထိုအချိန်မှာပဲ ဆူညံသံတွေကို ကြားလိုက်ရတဲ့ ဧည့်ခန်းထဲကမိုရိချန်က မေမေမိုနဲ့ ဖုန်းပြောနေရင်းနဲ့ပဲ ထွက်လာခဲ့သည်။ 

မေမေမိုရဲ့ငြီးတွားသံတွေကို နားထောင်ရင်း သူက  ဖုန်းကို အရင်စစ်ကြည့်လိုက်တော့ ယွမ်းစွော်က ကော်ဇောပေါ်တွင် ငြိမ်ငြိမ်သက်သက်နဲ့ အန္တရာယ်ကင်းစွာ ထိုင်နေခဲ့သည်။ 

ထင်ယောင်ထင်မှားများဖြစ်တာလား။

သူကစကားအနည်းငယ်ပြောပြီးနောက် ဖုန်းချလိုက်သည်။ နွားနို့ကို မီးဖိုခန်းတွင် အပူပေးထားကြောင်း သတိရသွားသဖြင့် မီးဖိုထဲကို လျှောက်လာခဲ့ပေမယ့် ဂတ်စ်မီးဖိုက ပိတ်ထားပြီးသားဖြစ်နေတာကို တွေ့လိုက်ရသည်။

သူက မျက်မှောင်ကြုတ်လိုက်ပြီး သူ ဘယ်အချိန်ကများ ပိတ်လိုက်မိပါလိမ့်။

ဧည့်ခန်းတဝိုက်ကို သံသယစိတ်ဖြင့် ကြည့်လိုက်ကာ နောက်ဆုံးတွင် သူ့မျက်လုံးတွေက သူ့ဖုန်းထဲတွင် ဘာမှမဖြစ်သလို ခွက်ကလေးကိုင်ကာ သွားတိုက်နေတဲ့ ယွမ်းစော်ဆီသို့ ရောက်သွားခဲ့သည်။

စနစ်က အသိပေးချက်ပေးထားပြီး ဒါက စနစ်ချို့ယွင်းချက်သာဖြစ်ပြီး ကစားသမားကို မထုတ်ဖော်ပြဘူးလို့ သူထင်သည်။

"ဒူဒူ"

"ဟင်...." 

ယွမ်းစွော်က စိတ်လှုပ်ရှားသွားသည်။ သူက အထူးသဖြင့် မိုရိချန်ကို မလိမ်ချင်ပေမယ့် စနစ်ကိုတော့ မလွန်ဆန်နိုင်ပေ။

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now