အခန်း ၇၅

3.6K 635 3
                                    

Raising You This Small Stuff

Unicode

အခန်း ၇၅: ဗိုက်ပြည့်အောင် စားပြီးသွားတဲ့ မိုရိချန်

နေရောင်ခြည်က နောက်ဆုံးတွင် အမှောင်ထုကို ဖြိုခွင်းလိုက်သည်။

မိုရိချန်က မျက်လုံးတွေကိုဖွင့်ကာ သူ့အနားတွင် ခွေခွေလေးအိပ်နေတဲ့လူကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။

သူက တစ်ယောက်ယောက်ကို ထာဝရ ဖက်တွယ်ထားနိုင်လျှင် သူအစွမ်းရှိသမျှ အကုန်လုပ်မယ်လို့ တစ်ချိန်က တွေးခဲ့ဖူးသည်။

ထိုအချိန်က လက်ထပ်ဖို့ သူ အဆင်သင့် မဖြစ်သေးပေမယ့် နှစ်တွေကြာလာတာနဲ့အမျှ သူ့အချစ်တွေက အပြည့်အ၀ မဖော်ပြနိုင်လောက်အောင် များပြားလာခဲ့သည်။

ကောင်းကင်က တောက်ပနေခဲ့သည်။

သူလှုပ်လိုက်ပေမယ့် သူ့လက်က ယွမ်းစွော်ရဲ့ လည်ပင်းအောက်တွင် ရှိနေဆဲဖြစ်သည်။

ဟိုဘက်ဒီဘက်လှုပ်လိုက်ပြီးနောက် ယွမ်းစွော်က ခဏအိပ်ဖို့ လိုနေသေးကြောင်း သူသိပေမယ့် နောက်ပိုင်း သူနိုးလာတဲ့အခါ သူဗိုက်ဆာနေမှာ သေချာသည်။

မနက်စာပြင်ဆင်ရန် ထဖို့လှုပ်လိုက်ပေမယ့် သူ့လက်သာမက သူ့ခြေထောက်ကိုလည်း ဖက်တွယ်ခံထားရကာ လှုပ်လို့မရတာကို တွေ့လိုက်ရသည်။

"ဒူဒူ အရင်လွှတ်ပေးပါဦး ကိုယ်ခဏနေမှပြန်လာခဲ့မယ်လေ။ အဆင်ပြေလား"

 မိုရိချန်က သူ ကြားနိုင်ပါ့မလား မသေချာပေမယ့် သူ့ကိုယ်သူ အတင်းမဖယ်ပစ်ချင်ပေ။

"အမ်းးး...." 

ယွမ်းစွော်က မိန်းမောနေရင်း သူ့ခန္ဓာကိုယ်ထဲက နာကျင်ကိုက်ခဲမှုက သူကြားနေရတာထက် ပိုတာမို့ ချက်ချင်း မျက်မှောင်ကြုတ်လိုက်ပြီး

 "မရဘူး ထပ်မရတော့ဘူး ကျွန်တော်ပင်ပန်းနေပြီ..." 

အမ်...မိုရိချန်က ခဏလောက် အေးခဲသွားပြီးနောက် သူ့နှုတ်ခမ်းထောင့်တွေကို ပင့်လိုက်ပြီး စနောက်လိုက်သည်။ 

"ဟုတ်ပြီ ပင်ပန်းရင် ခဏလောက်နားလိုက်ဦး။ ပြီးမှ ကိုယ်တို့ ထပ်လုပ်ကြတာပေါ့"

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now