အခန်း ၇၈

3.3K 611 5
                                    

Raising You This Small Stuff

Unicode

အခန်း ၇၈: မိုရိချန်၏ လျှို့ဝှက်ဆန်းကြယ်ချစ်သူ

မိုရိချန်က ချန်ကျောင်ကို ကူညီဖို့ လျှို့ဝှက်ဧည့်သည်အဖြစ် လာတယ်ဆိုတဲ့ သတင်းထွက်လာတာနဲ့ တပြိုင်နက် Weiboတွင် မိုရိချန်နှင့် ချန်ကျောင်တို့ အကြိမ်ပေါင်းများစွာ အပြန်အလှန်ပြောဆိုဆက်ဆံမှုတွေနှင့်အတူ ချန်ကျောင်ရဲ့ နာမည်ကျော်ကြားမှုက မြင့်တက်လာပြီး လက်ရှိတွင် ပထမနေရာ၌ ရှိနေသည့် ရှုကျင်းနန်ကို လွှမ်းမိုးလုနီးပါးပင်။

အစီအစဉ်အဖွဲ့သည် ချန်ကျောင်က မိုရိချန်လို စွမ်းရည်ပြည့်ဝတဲ့ အနုပညာရှင်တစ်ဦးကို ဖိတ်ကြားနိုင်မယ်လို့ မမျှော်လင့်ထားသဖြင့် ထိုနေ့တစ်ညလုံး စီစစ်တည်းဖြတ်မည့် ဇာတ်ညွှန်းနှင့် သက်ဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို ပြန်လည်ပြင်ဆင်ခဲ့ရသည်။

"အဲ့ဖက်တီးကောင်က တကယ်လုပ်နိုင်တာပဲ"

 ချင်ဟယ်က မကြာသေးမီက ဇာတ်ကားနှစ်ကားဆက်တိုက်ရိုက်ကူးခဲ့ပြီး သူ့ရဲ့ကျော်ကြားမှုက ပြန်လည်ကောင်းမွန်လာကာ ယခင်ကအဖြစ်အပျက်ကို ရှင်းလင်းလုနီးပါး ဖြစ်ခဲ့သည်။

ရုကျင်းနန်ရဲ့မျက်နှာက ပိုပြီးမသာမယာ ဖြစ်လာခဲ့သည်။ 

"ကံကောင်းတာက ငါ မနေ့က မဲတချို့ဝယ်ခဲ့မိလို့ပဲ။ မဟုတ်လို့ကတော့ ငါတကယ်ကို လွှမ်းမိုးခံသွားရလိမ့်မယ်"

"ဒါအစပဲရှိသေးတယ်။ ရှိုးပွဲထုတ်လွှင့်တဲ့အခါ မင်းဝယ်တဲ့မဲအရေအတွက်က မလုံလောက်သေးဘူး"

"ဟင်းး ငါထပ်ဝယ်လိုက်မှာပေါ့!" ရှုကျင်းနန်က ဒေါသတကြီး ပြောလိုက်သည်။

ချင်ဟယ်က ခေါင်းခါလိုက်ပြီး 

"လူတိုင်းက မျက်စိကန်းနေတာမဟုတ်ဘူး။ သူ့ရဲ့ကျော်ကြားမှုက သိသာထင်ရှားနေတယ်ဆိုရင် မင်းရဲ့မဲတွေက black fansတွေကို ဆွဲဆောင်မိနေလိမ့်မယ်" နောက်ဆုံးအဖြစ်အပျက်ပြီးနောက် ချင်ဟယ်က ပိုဉာဏ်ကောင်းလာခဲ့သည်။

"ဒါဆို ငါတို့ ဘာလုပ်သင့်လဲ"

"ကံပေါ်ပဲ ပုံချလိုက်ရအောင်"

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now