အခန်း ၃

7.1K 1.2K 17
                                    

Raising You This Small Stuff

Unicode

အခန်း ၃ : ဒူဒူကနည်းနည်းတော့တုံးပေမယ့် သူ့မှာ သူ့ကိုယ်ပိုင်အတွေးတော့ ရှိပါသေးတယ်

မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် နောက်တစ်နေ့တွင် လေက လန်းဆန်းနေသည်။

ကောင်းကင်က ကြည်လင်ကာ အပြာရောင်သန်းနေပြီး တိမ်တွေ ထူထပ်မနေပေ။ 

မိုရိချန်က ဒီနေ့မှာ ကြိုးတွေနဲ့ချိတ်ဆွဲတိုက်ခိုက်ရမယ့် ဇာတ်ကွက်တစ်ခု ရှိနေပြီး သူနဲ့အလုပ်တွဲလုပ်ရမယ့် တစ်ဖက်လူက အတွေ့အကြုံမရှိတဲ့လူသစ်တစ်ဦး ဖြစ်သည်။ သူမက ပြင်းပြင်းထန်ထန်ကြိုးစားခဲ့တယ်လို့ ထင်ရသော်လည်း အများကြီးပြန်ရိုက်နေရဆဲပင်။ 

"အစ်ကိုမို ကျွန်မတောင်းပန်ပါတယ် ကျွန်မ...ကျွန်မတကယ် မရည်ရွယ်ပါဘူး" ကောင်မလေးက ငိုတော့မလိုပင်။ ဒါရိုက်တာရဲ့မျက်နှာအမူအရာက ခန့်မှန်းရခက်နေပြီး တင်းကြပ်ပြီး မညှာမတာ ခိုင်းသလိုဖြစ်နေတဲ့မိုရိချန်နဲ့ မျက်နှာချင်းဆိုင်ရင်း သူမက မကြုံစဖူးဖိအားတွေကို ခံနေရသည်။

မိုရိချန်က ဇာတ်ကွက်ထဲ နှစ်မြှုပ်နေတာကြောင့် မျက်နှာကအေးခဲနေကာ   ခေါင်းညိတ်ပြလိုက်သည်။ 

"ရပါတယ်။ စိတ်မပူပါနဲ့"

မိုရိချန်ရဲ့နှစ်သိမ့်မှုဖြင့် ကောင်မလေးက သူမရဲ့အခြေအနေကိုချိန်ညှိကာ နောက်တစ်ခေါက် ထပ်ရိုက်ရင်း အားလုံး စ်တ်သက်သာရာရသွားအောင် နောက်ဆုံးတွင် အဆင်ပြေသွားခဲ့သည်။ 

ခေတ္တအနားယူနေကြချိန်တွင် ချန်ကျောင်က အသီးတွေလှီးဖြတ်ထားတဲ့ ဘူးလေးကို ယူလာသည်။

"အဲ့ဒါ အစ်ကိုမို အစ်ကို hot searchမှာ ဝင်နေတယ် "

မိုရိချန်က သိပ်မအံ့သြပဲ "ဒီတစ်ခါရော ဘာတဲ့လဲ"

"အဲ့ဒါက မနေ့က သတင်းစာရှင်းလင်းပွဲမှာ အစ်ကိုဆွဲပြခဲ့တဲ့ ဂိမ်းဇာတ်ကောင်ရဲ့ပုံစံပဲ။ လူတိုင်းက ပြောနေကြတယ်...အစ်ကိုဆွဲထားတာက..." ချန်ကျောင်က တုံ့ဆိုင်းသွားသည်။

မိုရိချန်ကပြောလိုက်သည်။"ဘာလဲ"

"လူတိုင်းက အစ်ကို့ကို Mocassoလို့ စခေါ်နေကြပြီ"

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now