အခန်း ၆၄

3.8K 783 22
                                    

Raising You This Small Stuff

Unicode

အခန်း ၆၄: ပျောက်သွားတဲ့ဒူဒူ!

သူ့အပေါ်ကို ခုန်တက်လာတဲ့လူကြောင့် ယွမ်းစွော်က လန့်သွားပြီး သူ့နှလုံးခုန်သံက ဗုံသံလိုဖြစ်သွားပေမယ့် ဖြစ်စဉ်က စက္ကန့်ပိုင်းသာ ကြာကာ သူ့အပေါ်မှာ ရောက်နေတဲ့လူက ပြင်းပြင်းထန်ထန် မြှောက်တက်သွားပြီး မြေပြင်ပေါ် လှဲချခံလိုက်ရသည်။ အေးစက်တဲ့အမူအရာဖြင့် အသက်ကြီးတဲ့ သက်တော်စောင့်က သေသပ်တဲ့လှုပ်ရှားမှု လုပ်လိုက်ကာ အခြားသက်တော်စောင့်နှင့်အတူ ထိုလူအား သူ့ရဲ့ကြီးမားတဲ့အလေးချိန်နှင့် ကာယကြံ့ခိုင်မှုဖြင့် ဖိချထားဖို့ ပူပေါင်းလုပ်လိုက်သည်။

"အိုး! အိုး! ကယ်ပါဦး!" 

အရိပ်မည်းကြီးက မြေကြီးပေါ် ဖိချခံထားရကာ  သားရေဖိနပ်ကြီးအောက်တွင် ဆောင်းဦးရာသီမှာ ကြွေကျနေတဲ့ သစ်ရွက်ခြောက်လို ရုန်းကန်နေခဲ့သည်။

"မလှုပ်နဲ့!" အသက်ကြီးတဲ့သက်တော်စောင့်က ဟောက်လိုက်သည်။

"ရပ်ကြစမ်း! ဘာလုပ်နေကြတာလဲ" နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာပြီး ယွမ်းစွော်က ကြည့်လိုက်တော့ မျက်နှာပေါ်တွင် စိုးရိမ်တကြီး အမူအရာဖြင့် လျှောက်လာနေတဲ့ ချန်စန်းကို တွေ့လိုက်ပြီး သူ့နောက်မှ လုံခြုံရေးဝန်ထမ်းတွေကလည်း  အရင်အပြေးအလွှား လာနေကြသည်။

"သခင်​လေးချန်လား" 

သက်တော်စောင့်က ထိုလူကို မှတ်မိသွားတဲ့အခါ ဆုပ်ကိုင်ထားမှုကို ဖြေလျှော့လိုက်သည်။

ယွမ်းစွော်က ချန်စန်းကို ကြည့်လိုက်ပြီးနောက် ရုန်းကန်ကာ အော်ဟစ်နေတဲ့ မြေပြင်ပေါ်ရှိ ရုပ်သဏ္ဍာန်ကို ကြည့်လိုက်သည်။

"လုံ...လုံပေါ်လား" 

ဒါပေမယ့် လုံပေါ်က ဂိမ်းကထွက်ပြီးရင် ခွေးဝါကြီးတစ်ကောင်လို ဖြစ်သွားမှာ မဟုတ်ဘူးလား။

လုံပေါ်က နာကျင်နေတဲ့ လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး မျက်နှာကို အားတင်းပြုံးကာ

 "ငါ မင်းကို အံ့သြသွားစေချင်ပေမယ့် ဒီသက်တော်စောင့်က အရမ်းသန်မာတာပဲဟ!"

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now