အခန်း ၅

7K 1.2K 23
                                    

Raising You This Small Stuff

Unicode

အခန်း ၅ : အနာဂတ်မှာ ငါမင်းကို ပြုစုပျိုးထောင်ပေးမယ်

ယွမ်းစွော်ရဲ့ မုန့်ပေါင်းလေးလို ထုပ်ခံထားရတဲ့ လက်လေးတွေက အံ့သြလို့ပွင့်နေတဲ့ ပါးစပ်လေးကို အသာဖိလိုက်သည်။ မိုရိချန်က မှားလုပ်မိတာ မဖြစ်နိုင်ဘူးလား ဟုတ်တယ်မို့လား။ဒီလောက်ပိုက်ဆံအများကြီးက အာဟာရရှိတဲ့စားစရာတွေကို ဝယ်နိုင်တယ်လေ။ မိုရိချန်က သူကိုယ်တိုင်အတွက်ရော မစားတော့ဘူးလား။

မိုရိချန်က အံ့သြလွန်းလို့ လဲကျတော့မလို ဖြစ်နေတဲ့ ကောင်ငယ်လေးကို ကြည့်ကာ နှုတ်ခမ်းထောင့်တွေကို မပင့်ပဲမနေနိုင်တော့ပေ။ ယွမ်၅သောင်း ကုန်သွားတာက...အရှုံးမရှိပါဘူး။သူကစတိုးဆိုင်ထဲကိုဝင်လိုက်သည်။

အစားအစာဘားတန်းရဲ့ထိပ်တွင် အာဟာရပြည့်ဝသောအစားအစာများနှင့် ကုန်ကြမ်းများဟူ၍  နှစ်ပိုင်း ခွဲထားသည်။ မိုရိချန်က အာဟာရပြည့်ဝသော စားစရာများကို ရွေးချယ်ကာ တစ်ကြိမ်တည်းနဲ့ အမျိုးနှစ်ဆယ် ဝယ်လိုက်ပြီးနောက် သရေစာများနှင့် သစ်သီးများကိုပါ ရွေးထည့်လိုက်သည်။

ယွမ်းစွော်က သူ့ရှေ့မှာ စုပုံနေတဲ့ တောင်ကုန်းလေးကို ကြည့်ကာ လုံးဝဆွံ့အသွားသည်။

"ဒါတွေ...အားလုံး ကျွန်တော့်အတွက်လား"

"ဒီမှာ တစ်ခြားတစ်ယောက် ရှိသေးလို့လား"

ယွမ်းစွော်က နီရဲလာတဲ့ နှာခေါင်းထိပ်လေးကို ထိလိုက်ပြီး "ကျေးဇူး...ကျေးဇူးတင်ပါတယ်မိုရိချန် မင်းက အရမ်းကောင်းတာပဲ"

"ကောင်းပြီ ဗိုက်ဆာရင် ဒါကိုစား။ ဒါပေမယ့် အများကြီးလည်း မစားနဲ့ဦး မင်းကို စိတ်မသက်မသာ ဖြစ်စေလိမ့်မယ်"

'မင်းကအရမ်းကောင်းတာပဲ' ဆိုတဲ့ကတ်ကို အဆက်မပြတ်ကိုင်ထားတဲ့ မိုရိချန်က အလွန်စိတ်ကောင်းဝင်နေသည်။

"ဟုတ် " ယွမ်းစွော်က ခေါင်းညိတ်ပြလိုက်သည်။

"စားတော့" မိုရိချန်က တိုက်တွန်းလိုက်သည်။

ထပ်မံအတည်ပြုပြီးနောက် ယွမ်းစွော်က ပြွန်ပုံစံ အာဟာရဖြည့်စွက်စာကို ကောက်ကိုင်လိုက်ပေမယ့် အလုံထုပ်ထားတဲ့ သူ့လက်နှစ်လက်က အဖုံးကို ဖွင့်လို့မရမှန်း ဘယ်သူကသိမှာလဲ။ သူက စိတ်ရှုပ်သွားပြီး သွားနဲ့ကိုက်ဖွင့်ဖို့ ကြိုးစားလိုက်သည်။

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now