အခန်း ၂၀

6K 1.1K 7
                                    

Raising You This Small Stuff

Unicode

အခန်း ၂၀ : ကိုယ်အလေးချိန်အားသာချက်!

နောက်နှစ်ရက်လုံးကို ယွမ်းစွော်က အိမ်တွင် အားလပ်ရက်ရနေခဲ့သည်။

ဆေးလိမ်းခြင်း၊ ရုပ်ရှင်ကြည့်ခြင်းနှင့် သရေစာတွေစားခြင်းအပြင် သူ့မှာ အလွန်အရေးကြီးတဲ့တာဝန်ဖြစ်သည့် သရုပ်ဆောင်အတန်းတွင် ဆရာမက သင်ပေးခဲ့တာတွေကို ပြန်လည်သုံးသပ်ခြင်းလည်း ရှိသေးသည်။ ဟင်းချက်သင်တန်းက တစ်ချို့အလုပ်တွေကလည်း အဆက်မပြတ် လေ့လာနေဖို့ လိုသေးသည်။ 

မိုရိချန်က သူ့ကို လိုအပ်တဲ့အရာတွေနှင့် ပစ္စည်းကိရိယာတွေကို ပြင်ဆင်ပေးဖို့ ကူညီပေးခဲ့ကာ ယွမ်းစွော်က ကောင်းကင်ပြာရောင်တွင် အဖြူရောင်ဒေစီပန်း အစက်လေးတွေပါတဲ့ရှေ့ဖုံးခါးစည်းကို ချည်လိုက်ပြီး အင်္ကျီလက်တွေကို ခေါက်တင်ကာ မီးဖိုခန်းထဲ ဦးတည်လိုက်သည်။

သူအလုပ်များနေတာကိုမြင်တော့ မိုရိချန်ကလည်း သူ့ကိုယ်ပိုင်အလုပ်ကို လုပ်လိုက်သည်။

ချန်ကျောင်က သူ့ကို ခေါ်ဖို့ မနက်ကတည်းက ကားမောင်းလာခဲ့သည်။ ဇာတ်ကားအသစ်ရဲ့ အကြိုမိတ်ဆက်ပွဲက စတင်ခဲ့ကာ သူတို့ကို ဦးတည်နေတဲ့ ကြီးမားတဲ့တိုက်ပွဲတွေလည်း ရှိခဲ့သည်။

ရုပ်ရှင်ရဲ့အဓိကသရုပ်ဆောင်တွေ အားလုံးရောက်ရှိနေကြကာ တံခါးနားက ပရိတ်သတ်များကလည်း သူတို့ရဲ့ပရိတ်သတ်အဖွဲ့ရဲ့ စည်းလုံးမှုဖြင့် တံခါးရဲ့ တစ်ဘက်ဆီတွင် တန်းစီရပ်ကာ သူတို့ရဲ့idolsတွေကို စိတ်အားထက်သန်စွာ စောင့်ကြိုနေကြသည်။

မိုရိချန်က ဖုန်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး ကားထဲမှ ထွက်လိုက်သည်။ သူက နေကာမျက်မှန်ကို တပ်ထားကာ အတွင်းတွင် ကြယ်သီးတစ်ချို့ဖြုတ်ထားတဲ့ ရှပ်အင်္ကျီအဖြူဖြင့် အနက်ရောင်ပေါ့ပေါ့ပါးပါးဝတ်စုံကို ဝတ်ထားပြီး မျက်စိဖမ်းစမ်းချင်စရာ တော်ဝင်ဆန်တဲ့ မော်ဒယ်ပုံရိပ်ကို ယူဆောင်လာသည်။

လုံခြုံရေးအစောင့်တွေက အရပ်ရှည်ကာ ကြီးမားကြပြီး လက်ချင်းချိတ်ကာ နှစ်တန်းစီထားပြီး ပရိတ်သတ်တွေကို ပိတ်ဆို့ထားကြသည်။

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now