အခန်း ၇၀

4.3K 759 7
                                    

Raising You This Small Stuff

Unicode

အခန်း ၇၀: မိုမိသားစုရဲ့ တူတူပုန်းတမ်း!

"ကျွန်တော်ထပ်မကစားတော့ဘူး၊ ထပ်မကစားနိုင်တော့ဘူး!"

 မိုရိရှုက သူ့အိတ်ကပ်တွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း "ဒုတိယအစ်ကိုက ဒီနေ့ တမင်ရည်ရွယ်ချက်ရှိရှိလုပ်နေတာ ကျွန်တော် သိသွားပြီ။ မင်းရဲ့ညီလေးကိုမေ့ထားပြီး မင်းရဲ့ တံတောင်ဆစ်ကို အပြင်ကို လှန်နေတာပဲ!"

မိုရိချန်က စိတ်အေးလက်အေးဖြင့် မျက်လုံးအနည်းငယ်မှေးကာ 

"အတွင်းဘက်ကို လှန်ထားတာ သိသာပါတယ်"

'အတွင်းလူ'အနေဖြင့် ယွမ်းစွော်က ရှက်ကိုးရှက်ကန်းနဲ့ ခေါင်းကုတ်လိုက်သည်။

"မေမေ!" 

မိုရိရှုက ဝမ်းနည်းတဲ့အသံနဲ့ အော်ဟစ်လိုက်သည်။

ကတ်ဝေသူဖြစ်တဲ့မေမေမိုက စားပွဲပေါ်ရှိ စမတ်ခလုတ်ကို တွန်းချလိုက်ပြီး မာဂျောင်ဂိမ်းကို ပြန်စလိုက်သည်။ "ပေးစရာရှိတာ အရင်ပေးပြီးမှ တရားမျှတမှုအတွက် ငါ့ဆီပြန်လာခဲ့"

မိုရိရှုရဲ့မျက်လုံးတွေက မျက်ရည်များဝဲလာပြီး 

"အိမ်တော်ထိန်း ဦးလေးက လွန်သွားပြီ။ ဦးလေးက ကျွန်တော် ကြီးပြင်းလာတာကို စောင့်ကြည့်ခဲ့တာလေ"

အိမ်တော်ထိန်းက နှစ်ကြိမ်လောက် ချောင်းဟန့်လိုက်ပြီး 

"ကျွန်တော်... ကျွန်တော် သခင်မကြီးအတွက် ရေတစ်ခွက်သွားယူလိုက်ပါဦးမယ်"

အဆုံးတွင် မိုရိရှုက သူကစားခဲ့တဲ့ ကတ်တွေကို ကြည့်ကာ သက်ပြင်းချရင်း သူအိတ်ကပ်အတွင်းမှ နောက်ဆုံးကျန်တဲ့စာအိတ်နီအချို့ကို စွန့်လွှတ်လိုက်ရတော့သည်။ အဆုံးတွင် မေမေမိုက သူ့နားရွက်ကို ဆွဲပြီး ရပ်လိုက်ရတော့သည်။

သုံးနာရီနီးပါး ကစားပြီးနောက် ယွမ်းစွော်က ဂိမ်းကို အခြေခံအားဖြင့် ကျွမ်းကျင်လာကာ

မေမေမိုရဲ့အိတ်က ပြည့်နေပြီး မိုရိရှုရဲ့အိတ်ကပ်တွေက သူ့မျက်နှာထက် ပိုပြောင်နေတော့တာကြောင့် အိမ်တော်ထိန်းက လူတိုင်းကို အနားယူချိန်ရောက်ပြီဟု ကြင်နာစွာ သတိပေးလိုက်သည်။

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now